Chapter 16 - This Side of You

2.3K 177 9
                                    

အချစ်က လူတွေကို ဒီလို ပြောင်းလဲစေတတ်တယ်..
ကလေးဆန်တဲ့သူကို ရင့်ကျက်သွားစေပြီး
ရင့်ကျက်တဲ့လူကိုကျ ကလေးဆန်သွားစေတယ်..
ဒါက သဘာဝပဲ..

---------------------*---------------------

"ကိုယ်တော့ ထပ်မပူတော့ဘူး အင်း
ဒါဆို မနက်ဖြန် ငါ အဆောင်ပြန်တော့မယ်"

ပြောပြီး မျက်နှာ ငုံ့အကြည့်၊ မျက်ခုံးကြီးတွန့်ကာနေသောလူကြောင့်..

"သုံးရက် သုံးရက်ရှိပြီလေကွာ။ မင်း နေမကောင်း,စဖြစ်တည်းက ရောက်နေတာ။ ကြာနေပြီလေ။ ဒီနေ့တော့ အဆောင် ပြန်မှ ဖြစ်တော့မယ်။ မဟုတ်ရင် ဦးနိုင်က အပါးနဲ့အမေးကို လှမ်းပြောလိမ့်မယ်"

ဒါလဲ မျက်ခုံးကြီးတွန့်ပြီး၊ အလိုမကျဟန် မျက်မှောင်ကြီးက ကြုတ်ထားသေး၏။

"ဘာဖြစ်နေတာလဲကွာ? ဒီမျက်မှောင်ကြီးက ကြုတ်နေတာ"

ပြောရင်းမှ ကုတင်ပေါ်မှာ ထိုင်နေတဲ့မဟာရဲ့ပခုံးပေါ် လက်ထောက်ကာ တွန့်နေတဲ့ မျက်ခုံးကြီးနှစ်ခုကို လက်ချောင်းလေးတွေဖြင့် ဖြေလျော့ပေးမိ၏။ ဒါကိုပင် ..

"မ ပြန် ရ ဘူး"

မတ်တပ်ရပ်နေသော 'ချမ်း' ကို ခါးကနေ
လက်နှစ်ဖက်ဖြင့်သိုင်းဖက်၊ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်ကာ ပြောလာသောစကားက ထိုသို့။

"အာ မပြန်လို့တော့ ရမလား? ငါ ကျောင်း တက်ရအုံးမယ်လေ။ ဒီမှာက ငါ့ပစ္စည်းတွေ ဘာမှ ရှိတာမှ မဟုတ်တာ"

ပြောတာကို သဘောမတူတဲ့ဟန်ဖြင့်၊ သူ့ရင်ခွင်ထဲမှာ ဟိုဒီ ခေါင်းခါရမ်းနေတာက အရင်က တုံဏိဘာဝေနေတတ်တဲ့ အေးတိအေးစက်ကောင်မှ ဟုတ်ပါလေစ။ မဟာမြင့်မြတ်ရဲ့ တည်ငြိမ်မှုနောက်ကွယ်မှ တခြားသောဘက်ခြမ်းသည် ဤကဲ့သို့၊ ဤကဲ့သို့။

"ဟဟ မဟာ မင်းက ကလေးလား..?
အဲလောက်တောင် ငါ့ကို တစ်ချိန်လုံး အနားမှာ ခေါ်ထားချင်တာလား?"

"အင်း"

လူလည်ကောင် မဟာမြင့်မြတ်...
ဒါကျတော့ မဆိုင်းမတွပင် ချက်ချင်း ပြန်ဖြေလာပြန်တယ်။

ချမ်း (オレの愛)【Completed】Where stories live. Discover now