Chapter 34 - LDRS means

1.7K 117 14
                                    

Distance between two people is inconsequential when their souls are united!
စိတ်ချင်းနီးနေသရွေ့ အကွာအဝေးကအရေးမပါတော့ဘူး။

* * * * * *

"ဟဲလို ဟဲလို ကြားရလား? မဟာ"

"အင်း"

"ဟူး တော်ပါသေးတယ်"

ဒီနေ့မှ မိုးက ခပ်အုံ့အုံ့နဲ့ Myanmar Net က ဘာဖြစ်နေတယ် မသိ၊ လိုင်းက သိပ်မကောင်းဘူး။ ဂျပန်နဲ့ မြန်မာ စံတော်ချိန်က နှစ်နာရီခွဲ,တိတိ ကွာဟမှုကြောင့်၊ ချမ်းတို့ နှစ်ယောက်ရဲ့စကားပြောချိန်က ညစဥ်ညတိုင်း​ မြန်မာအချိန် ရှစ်နာရီ။

ဒီအတောအတွင်း မဟာလဲ ဂျပန်မှာ နေရာထိုင်ခင်းကအစ ကျောင်းတက်ရာမှာ အဆင်ပြေဖို့ ကြိုးစားနေရသလို၊ သူလဲပဲ ကျောင်းပြီးပြီးချင်း ပထမဆုံး စ,ဝင်တဲ့အလုပ်မှာ နေသားကျဖို့ကြိုးစားနေရတုန်းမို့၊ ကိုယ်စီ အလုပ်ရှုပ်နေရသည်။ ဒါတောင် နေ့တိုင်းလိုလို ချစ်သူ့အသံကို ကြားနိုင်ဖို့တော့ အလျင်မှီအောင် ကြိုးစားနေဆဲ။

မဟာလဲ အဲလိုဘဲ ဖြစ်မယ် ထင်ပါရဲ့။ တစ်ခါခါ ဗွီဒီယိုကော ပြောရင်း၊ တစ်ဝါးဝါး သမ်းနေတာကို မြင်ရတော့ 'တစ်ပတ်မှာ လေးရက်လောက်ပဲ တွေ့ရအောင်၊ ဖုန်းဆက်ရအောင်' လို့ ပြောလိုက်မိတာ၊ မဟာမြင့်မြတ်တို့က အသည်းအသန်ပင် တားမြစ်လာပြီး၊ ပြန်ပြောတာ တစ်ခွန်းထဲ 'ဘာမှ မဖြစ်ဘူး။ ချမ်း,ကို မတွေ့ရမှ ပိုဆိုးမှာ' တဲ့။

ဟဟ မဟာမြင့်မြတ်ရဲ့Flirting Skill ကတော့ ဂျပန်ရောက်မှ ပိုတောင် ပြောတတ်လာသလိုပဲ။

"နေကောင်းလား ချမ်း"

"အင်း မင်းရော"

"သိပ် နေလို့ မကောင်းဘူး"

"ဟင် ဖျားနေတာလား? မဟာ ဆေးသောက်ပြီးပြီလား? ဘာစားပြီးပြီလဲ? အဲ​ဒါဆို စောစော အနားယူတော့လေ ဖုန်းချလိုက်တော့မယ်"

"ခနလေး ချမ်း"

"အင်း ..."

"ကိုယ် ဖျားနေတာ မဟုတ်ဘူး"

"ဟမ် အဲဒါဆိုရင် ဘာဖြစ်"

"ချမ်းကို လွမ်းလို့"

"အာ..."

ပြောစရာ စကားဆွံ့အ၊ ဖျားပြီဆိုရင် ပေတေပြီး အိပ်ပဲအိပ်နေတတ်သော မဟာ့ အကြောင်းကိုသိလို့ သူ့မှာ ကြားကြားချင်းပင် စိတ်ပူလိုက်ရတာ၊ ခုကျတော့....

ချမ်း (オレの愛)【Completed】Dove le storie prendono vita. Scoprilo ora