Chapter 32 - Light

1.8K 151 2
                                    

"အားယိုး ငါ ဒီနေ့ အပြင် ဘယ်လိုသွားရတော့မလဲ?"

ရေချိုးခန်းထဲကမှန်မှာ ကိုယ့်ကိုကိုယ် ပြန်ကြည့်နေရင်းမှ တီးတိုးရေရွတ်မိနေသောစကား။ ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံးက ဘယ်လိုတောင် ရဲပတောင်းခတ်နေရတာ !!! နောက်လှည့်ကြည့်မိတော့လဲ ကျောပြင် တစ်ပြင်လုံးမှာ အနီကွက်တွေက ဟိုတစ်စု,ဒီတစ်စုနဲ့ တင်ပါးအစပ်နားထိကိုပါ...! သေချာ ကြည့်ရင် ပေါင်တံ အတွင်းသားထဲအထိ အနီရောင် အမှတ်ရာများက ဟိုတစ်ကွက် ဒီတစ်ကွက်။

ညက ကံကောင်းလွန်းလို့ပင် မဟာ ဆိုတဲ့ကျားကြီးလက်ထဲ သူ့အသွေးအသားတွေ မ,ကုန်ခမ်းသွားတာပင်။ လူတစ်ကိုယ်လုံးကို ဒီလောက်ထိ ပြင်းထန်စွာ ဘယ်လိုတောင် နမ်းနိုင်ရတာလဲ!?

လည်ပင်းတစ်လျှောက်က အနမ်းရာများကို ဖွဖွထိတွေ့နေမိရင်းမှ ညကအကြောင်းကို ပြန်တွေးမိတော့ သူ့နှုတ်ခမ်းစွန်းက ကွေးညွှတ်တတ်သွားရသည်။ အမှန်တိုင်းပြောရရင် မဟာမြင့်မြတ်ရဲဲ့ဒီလို ပိုင်ဆိုင်ချင်စိတ် ပြင်းပြတဲ့ပုံစံမျိုးကို တကယ် သဘောကျ၏။ ညတုန်းက သူ့ရဲ့ပုံစံကြောင့် မဟာ သိပ်အံ့သြနေတယ်ဆိုတာကိုလဲ သိတယ်။ အစကသာ တင်းခံနေတဲ့ မဟာ၊ နောက်ကျတော့ ထိန်းလို့ပင် မရနိုင်တော့အောင် ကျားရိုင်းပမာ ဖြစ်လာတာကိုလဲ သိတယ်။

ဒီလို စိတ်တူကိုယ်တူ၊ နောက်ထပ် အတူတူ နေနိုင်တော့ဖို့ ဆိုတာက ဟင်း....

"ချမ်း.."

အတွေးတွေ သိပ်မကြာလိုက်၊ ရုတ်တရက်ပင် အနောက်ဘက်မှ ခါးတစ်ဝိုက်ကို သိုင်းဖက်လာကာ သူ့ပခုံးပေါ် မေးတင်ပြီး ခေါ်လာသောလူ။

"နိုးပြီလား?"

"အင်း"

"မဟာ ...."

"အင်း"

"မင်း Scholarship Invitation (စကောလားရှစ် ကျောင်းဖိတ်ခေါ်စာ) ရတယ်ဟုတ်? ဘယ်လိုလဲ? ဆုံးဖြတ်ပြီးပြီလား?"

"..."

မေးလိုက်သော်ငြား ချက်ချင်း အဖြေက ပြန်မလာ၊ ခဏ ကြာမှ ...

"ဘယ်လို သိတာလဲ?"

"မနေ့ညက မင်းဖုန်းကို အားသွင်းပေးရင်း Email ဝင်လာတာ တွေ့လိုက်ရလို့"

ချမ်း (オレの愛)【Completed】Where stories live. Discover now