Chapter 30 - Cool

2K 120 0
                                    

"Wowwww ! Very Nice View"

"ယေး ! ပင်လယ်ကြီးရေ ကိုယ်လာပြီ"

အပေါ်ကနေ ဟာဝိုင်ရီ,ရှပ်ကြီးကိုဝတ်၊ အထာကျကျ နေကာမျက်မှန်တစ်လက်ကို တပ်ထားပြီး၊ ပင်လယ်ကြီးနဲ့ မျက်နှာချင်းဆိုင်၍ အားပါးတရ ရေရွတ်နေကြသော လင်းလက်နှင့်ချမ်းကို ကြည့်ရင်း၊ အနောက်မှာ ရှိနေသော ဦးငယ်နဲ့မဟာက ပြုံးရင်းနဲ့ပင် ခေါင်းတစ်ရမ်းရမ်း။

သူတို့ အခု ရောက်နေကြတာက တနင်္သာရီတိုင်း၊ မြိတ်မြို့နဲ့ သိပ်မဝေးသော နေရာမှာရှိတဲ့ နာမည်ကျော်ကြားသော Smart Island (ပါပန့်ကျွန်း) ဆိုတဲ့ မြိတ်ကျွန်းစုလေးတစ်ခုမှာပင်။ အရမ်းလှတယ်လို့ နာမည်ကျော်ကြားလှတဲ့ မြိတ်ကျွန်းစုတွေထဲကမှ 'ပါပန့်ကျွန်း'မှာက တစ်မူထူးခြားစွာ၊ ကျွန်းတစ်ခုထဲမှာကို မ,တူညီတဲ့ ကမ်းခြေက နှစ်ခု တည်ရှိတယ်။ တောတန်းငယ်လေးရဲ့တစ်ဖက်မှာက ကျောက်စရစ်ခဲ,ကမ်းခြေ၊ တစ်ဖက်မှာက သဲဖြူကမ်းခြေ,ဆို၍ပင်။

သဘာဝ,ကျောက်ဆောင်တန်းတွေနဲ့၊ အဆုံးမရှိတဲ့ ကြည်ပြာရောင် ပင်လယ်ပင်ကြီးကို ငေးကြည့်ရင်းမှ စိတ်လွတ်ကိုယ်လွတ်ဖြင့် အော်မိရသည်အထိကို သဘာဝတရားကြီးက လူတွေကို သိပ်ကို ဖမ်းစားနိုင်လွန်းတယ်။

ကျောက်စရစ်ခဲ ကမ်းခြေဆိုတာကလဲ တကယ်ကို ကုန်းပတ်က အရှည်ကြီးနဲ့ပင်၊ သဲ လုံးဝ မရှိဘဲ၊ ရေတွေက ကြည်တောက်နေကာ တကယ်ကို လှသည်။ ကျွန်းတစ်ဖက်မှာရှိတဲ့ သဲဖြူကမ်းခြေ ဆိုသည်မှာလဲ သဲအရောင်နဲ့ ရေအရောင်ရဲ့ကြည်စင်ကာ,ပနံသင့်နေမှုက နာမည်ကြီးလွန်းလှတဲ့ Maldives ကမ်းခြေနဲ့ ယှဥ်ရင်ပင် ယှဉ်နိုင်လောက်သည်အထိ။

သူတို့​တွေ အတန်ကြာအောင်ပင် ကမ်းခြေနှစ်ခုဆီသို့ ဟိုဒီ လျှောက်ကာကြည့်ပြီးတဲ့နောက်၊ ကျွန်းအနောက်ဘက်ရှိ Snorkeling site ရှိရာသို့သွား၍ ပြင်ဆင်ကြလေသည်။

"ချမ်း ဒီကိုလာ"

ဟာဝိုင်ရီ ရှပ်ကိုဆွဲချွတ်၊ ဝတ်ထားတဲ့ ဘောင်းဘီတိုဖြင့်ပင် Snorkeling (ရေအောက်ငုပ်ခြင်း) လုပ်ဖို့ အသင့်ပြင်နေသည့် ချမ်းကို မဟာက လှမ်းခေါ်လာတာ​ကြောင့်၊ မဟာရှိရာသို့ အပြေး လာမိ၏။

ချမ်း (オレの愛)【Completed】Where stories live. Discover now