Chapter 26 - Four

2.1K 159 0
                                    

ရန်ကုန် ကွန်ပြူတာတက္ကသိုလ်၊ ကျောင်းပရဝုဏ် အရှေ့။

"ငယ်ငယ် ...! သားတို့ ဒီမှာ. ....."

စာမေးပွဲကြီး ဖြေပြီးချင်းပင် ကျောင်းရှေ့ပရဝဏ်မှာ ရပ်​စောင့်နေကြသော တူညီဝတ်စုံဝတ် ကျောင်းသားသုံးယောက်။ ထိုစဥ် ကားပေါ်မှ ဆင်းလာသူကို မြင်၍၊ လင်းလက်ဆီမှ အော်ခေါ်သံကို ကြားရ၏။

"ဘယ်လိုလဲ? ကလေးတွေ စာမေးပွဲ ဖြေနိုင်ကြလား?"

ပေါ့ပေါ့ပါးပါး ဒီဇိုင်းလေးနဲ့ပင်။ အဖြူရောင် တီရှပ်လက်ရှည်ပွပွကို စတိုင်ပင်အနက်ထဲ ထည့်ဝတ်ထားပြီး၊ လက်တစ်ဖက်က ဖုန်းနဲ့ပိုက်ဆံအိတ်ကိုကိုင်ပြီး၊ ကားတံခါးဖွင့်ကာ ဆင်းလာသောလူ။ ထိုလူ့ဆီမှ နှုတ်ဆက်စကားပြောသံကို ကြားလိုက်ရပြီးတဲ့နောက် တဆက်ထဲမှာပင် ...

"ဟုတ် ဦးငယ် ဖြေနိုင်ပါတယ်ခင်ဗျ"

သွက်လက်စွာ ပြန်ဖြေလာသော ချမ်းနဲ့အတူ၊ မဟာကလဲ ခေါင်းတစ်ချက် ငြိမ့်ပြကာ နှုတ်ဆက်လာလျက်။

"ငယ်ငယ်..ဘာလို့ သားကို အရင် မမေးတာလဲ? အရင်တွေ့ပြီး နှုတ်ဆက်တာက သားလေ..."

မူလတန်း၊ အထက်တန်းအရွယ် ကျောင်းသားလဲ မဟုတ်တော့။ ယနေ့ဆို Final year စာမေးပွဲကြီးပြီးလို့၊ မကြာခင် ဘွဲ့တစ်ခုကိုပင် ရရှိတော့မည်။ သို့သော် ကြီးကောင်ကြီးမား အရွယ်မှ အားမနာ၊ ခုထိ တစ်သား,သားနဲ့ လုပ်နေသော ငလင်းကိုကြည့်ပြီး၊ သူ့မှာ စိတ်ပျက်လို့ ခေါင်းတစ်ရမ်းရမ်း။ ဒီလို ကျပ်မပြည့်တဲ့ကောင်ကို တစ်သက်လုံး,ပေါင်းလာခဲ့ရတဲ့ မဟာ့ကို သနားသွားမိ၍ တစ်ချက် လှမ်းကြည့်လိုက်တော့ မဟာက ထိုဖြစ်ရပ်မျိုးကို အသားကျနေဟန် မတုန်မလှုပ် နေလျက်။

"ဒေးဒေး ဖြေနိုင်မှာ သိလို့"

"အွန်း ... သားက လိမ်မာတာကိုး။
ဟဲဟဲ ငယ်ငယ် စိတ်မပူရဘူးလေ"

ငလင်းက ထိုသို့ ပြောသော်လဲ အပြုံးတစ်ပွင့်ဖြင့်ပင် အေးအေးဆေးဆေး ပြန်ပြောလာသော ဦးငယ်ကို ကြည့်ပြီး၊ တရားကျရ၏။ တကယ် ငလင်းကို ကလေးပေါက်စလို့ပင်၊ ထင်နေကြလား မသိ။

"ဦးငယ် ဘယ်တုန်းက ပြန်ရောက်တာလဲ?"

"အင်း ... မနေ့ကမှ"

ချမ်း (オレの愛)【Completed】Tempat cerita menjadi hidup. Temukan sekarang