Chapter 47 - The unknown truth

2K 114 1
                                    

~~~
"ဦး ပြောချင်တာကတော့ ဒါ အကုန်ပဲ၊ ကျေးဇူးပြုပြီး နောက်ထပ် မဟာနဲ့ လုံးဝ မပတ်သက်ပါနဲ့။ သူ 'မြတ် Group' ကို အမွေဆက်ခံနိုင်မှုက မင်းရဲ့ဆုံးဖြတ်ချက်ပေါ် အဓိက မူတည်သွားပြီ"

"အဲ ဒါ ကို... ဘာ လို့ ဒီ ထိ တောင်...."

"မိဘတွေချင်း တွေ့ဆုံ,ဆွေးနွေးတာက ပိုထိရောက်မှာမို့လေ၊ မင်း မိဘတွေလဲ မသိခဲ့ဘူး ထင်ခဲ့လို့။ ဒါပေမဲ့ အဟက်...ကြည့်ရတာ သိနေပြီးကြတဲ့ပုံပဲ"

မျက်နှာချင်းဆိုင်မှာ ထိုင်နေသော အပါးနဲ့အမေးကို လှည့်ကြည့်မိတော့ လုံးဝ မျက်နှာမကောင်းကြပေ။ အထူးသဖြင့် အမေးရဲ့အဲဒီ အကြည့်တွေ...

"မဟာ ....သိလား"

"သူ သိစရာ မလိုဘူး"

"အော်....."

"ဒါတွေဟာ သူ ကောင်းဖို့အတွက်ပဲ"

"တစ်ခါတစ်ရံ ဦးလေး ကောင်းမယ် ထင်တဲ့အရာတွေက သူ့အတွက် မလိုအပ်တာတွေ ဖြစ်နေမယ်ဆိုရင်ကော... ပြီးတော့ မဟာ့ ဘဝတစ်လျှောက်လုံး လျစ်လျူရူနေခဲ့ပြီးတော့ ခုကျမှ အဖေ တစ်ယောက်ရဲ့အာဏာကို အသုံးချနေတာ... ဦးလေး မှားတယ် မထင်ဘူးလား"

"မင်းမွန်စဝ်သော်... လိုရင်းကိုပဲ ပြောရအောင်"
~~~
.
.

"ဟင့် အင်း ကျွန်တော် လက်မခံချင်ဘူး၊ လက်မခံနိုင်ဘူး !!!"

"ချမ်း ...."
.
.

ချမ်း (オレの愛)【Completed】Where stories live. Discover now