Chapter 41 - Let's break up

1.7K 113 5
                                    

"လမ်းခွဲရအောင် မဟာမြင့်မြတ်"

"ဟင် ?"

ထိုစကားကို ကြားပြီးတဲ့နောက်၊ ရှေ့မှ ခပ်မတ်မတ်ရပ်နေတဲ့ ပုံရိပ်ဆီကနေ တုန်လှုပ်သွားဟန်ဖြင့် ခပ်တိုးတိုး ထွက်ကျလာတဲ့ အာမေဍိတ်သံ တစ်ချို့။ အံ့ဩထိတ်လန့်သွားတဲ့ မျက်ဝန်းတွေကို ရင်မဆိုင်ချင်စွာ၊ အကြည့်တွေကို အဝေး ပို့၍ ...

"အင်း ငါတို့ လမ်းခွဲရအောင်"

ထပ်ပြောလိုက်ပြီးနောက်မှာ မ,ယုံကြည်နိုင်ဟန် မျက်ဝန်းများဖြင့်၊ မဟာမြင့်မြတ်က သူ့ရှေ့သို့ ရုတ်ချည်းရောက်ရှိလာသည်။

"ချမ်း..."

"အခု ဒီကို ပြန်လာတာက ငါ့ပစ္စည်းတွေကို လာသိမ်းတာ။ ငါတို့ လမ်းခွဲပြီ ဆိုမှတော့ ဒီမှာ ဆက်နေဖို့လဲ မလိုတော့ဘူး"

"ဘယ် သူ့ သ ဘော နဲ့ လဲ?"

"ငါ့သဘောနဲ့ပေါ့၊ လမ်းခွဲပြီးသား လူနှစ်ယောက်က တစ်အိမ်တည်းမှာ အတူ ဆက်နေဖို့ သင့်တော်မလား? မင်း စဉ်းစားကြည့်လေ"

"မဟုတ်ဘူး လမ်း ခွဲ ဖို့...? "

အိမ်မက်ယောင်နေသူ တစ်ယောက်ပမာ ထိုစကားလုံးကိုပဲ မဟာမြင့်မြတ်က ခပ်တိုးတိုးရေရွတ်လာပြန်တယ်။ သူ့နှုတ်မှ ထွက်ကျလာတဲ့စကားရဲ့ အဓိပ္ပာယ်ကို မသိ,နားမလည်နိုင်သလိုမျိုး၊ မယုံကြည်နိုင်ဟန် ကြောက်ရွံ့နေတဲ့ မျက်ဝန်းများဖြင့်။ အတန်ကြာမှ မျက်လုံးကို စုံမှိတ်၊ စိတ်ကို အားတင်းလိုက်ဟန်ဖြင့် ဆက်ပြီး ပြောလာတာက..

"လမ်းခွဲဖို့က ဘယ်သူ့ သဘောနဲ့လဲ?"

'ဒီလမ်းခွဲမယ်' ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့တင် ချက်ချင်း ပြိုလဲတော့မလို ဖြစ်နေတဲ့ ရှေ့မှလူကို အေးစက်စက်ဆန်စွာ လှမ်းကြည့်လိုက်ရရင်း..

"ငါ.."

"ချမ်း ဆိုလိုချင်တာ ကိုယ်တို့ ...?"

"အင်း ဟုတ်တယ်။ ဒီကိစ္စမှာ ငါ မှားတာမို့လို့ မင်းကို တောင်းပန်တယ်။ ဒါပေမဲ့ ငါတို့နှစ်ယောက် ရှေ့ဆက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ငါတို့ဇာတ်လမ်း ဒီမှာတင် ရပ်ရအောင်"

"..."

မှင်ရည်ရောင်မျက်ဝန်းနက်တွေက အချိန်နဲ့အမျှ အရောင်တွေ ပြောင်းလဲလို့လာသည်။ မဟာမြင့်မြတ်ရဲ့မျက်နှာကို သေချာ ကြည့်လိုက်မိတာနဲ့၊ ဘာတွေ ဘယ်လို ခံစားနေရတယ်၊ ကြေကွဲ,ဝမ်းနည်းနေတယ် စတဲ့ အရိပ်များစွာက ချက်ချင်းလိုပင် သိမြင်နိုင်စေတာမို့၊ မျက်နှာကို အဝေးသို့ လွှဲလိုက်သည်။ သို့သော် အတန်ကြာတဲ့ထိ တဖက်လူဆီမှ ဘာမှ ပြန်ပြောလာသံကို မကြားရတာကြောင့်၊ ငုံ့ထားတဲ့မျက်နှာကို ပြန်မော့လိုက်တော့..

ချမ်း (オレの愛)【Completed】Where stories live. Discover now