Chapter 3 - Serendipity ?

3.1K 272 9
                                    

တိတ်ဆိတ် ခြောက်သွေ့နေတဲ့ ကိုယ့်ဘဝထဲကို
မင်း ... ရောက်လာပေးတာ ကိုယ့်အတွက်
တသက်မှာ တစ်ခါလောက်ပဲ ရနိုင်မဲ့ ဆုလာဒ်လေလား ... ချမ်း ...
ဒါမှမဟုတ် ဒီအတိုင်း ကံကြမ္မာက ပေးတဲ့ အခွင့်အရေးတစ်ခုလေလား ...?

-------------------*--------------------

'နိုင်' အဆောင်ရဲ့ပထမထပ်၊ အခန်းနံပါတ် 8
တစ်နည်း 'မင်းမွန်စဝ်သော်' ရဲ့အခန်းတွင်..

"မွန်လေးရာ ပျင်းလိုက်တာ ကွာ။ ဘာမှလဲ လုပ်စရာ မရှိဘူး။ စာလုပ်ရမှာလဲ စောသေးတယ်။ ဟိုအေးတိအေးစက်ကောင်ကလဲ ဘယ်တွေ ရောက်နေပြန်ပြီလဲ မသိဘူး"

ဤသို့ဤနှယ် စနေ​နေ့၊ နေ့ခင်းပိုင်း၊ သူ့အခန်းသို့ လူကိုယ်တိုင် လာရောက်ပြီး၊ အပျင်းဋီကာ ဖွင့်နေတာကတော့ လင်းလက်ကြယ်စင်ပင်။ ငလင်းပြောသည်ကတော့ ပျင်းတာကိုပင်၊ တစ်ယောက်ယောက်ကို ဖွင့်ပြောပြဖို့ လိုအပ်တယ်။ အဲဒါကြောင့် မင်းဆီ ငါ လာတာတဲ့။

"ဒီနေ့ ကျောင်းပိတ်ရက်လေကွာ။ သူ အိမ်ပြန်တာနေမှာပေါ့"

"အိမ်ပြန်တာ? မြတ်ကြီးက? ဟက် အိမ်ပြန်တာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရည်းစားနဲ့သွားချိန်းတွေ့တာဆိုရင်တောင် ဖြစ်နိင်သေးတယ်"

'မဟာမြင့်မြတ်' လိုလူက ရည်စားထားဖို့ ဖြစ်နိုင်တယ် !?

ဒီစကားကို လင်းလက်က ပေါ့ပေါ့ပါးပါးပင် ရယ်သွမ်းသွေးကာ ပြောလာပေမဲ့၊ မွန်စဝ် စိတ်ထဲမှာတော့ ချက်ချင်းပင် ငြင်းဆန်မိသည်။

'မ ဟာ မြင့် မြတ်' လို လူ က လေ?
ရည်းစားသနာ ထားမယ်?

အဲဒါက ဘယ်လို ပြောရမလဲ?

ကွန်ပြူတာ တက္ကသိုလ် ရေကြီးလို့၊ ကျောင်းသားအားလုံးကို လနဲ့ချီ ပိတ်ပေးမယ်။ ဆိုတာတောင် လက်တွေ့မှာ လုံးဝ မဖြစ်နိုင်ပေမဲ့၊ 'မဟာမြင့်မြတ်' ရည်းစားထားမဲ့ ကိစ္စနဲ့ ယှဉ်ရင်တော့ ဖြစ်နိုင်ခြေ ရှိရင်ရှိနိုင်အုံးမယ်။

ဘာလို့ဆို ဒီကောင်တွေနဲ့ မွန်စဝ် ရင်းနှီးလာပြီးနောက်၊ ဘယ်သွားသွား တစ်ပူးပူး၊ တစ်တွဲတွဲ ဖြစ်လာကြတယ်။ မွန်စဝ်နဲ့ မဟာက အခန်းချင်းကပ်ရပ်ဆိုတော့ ပိုပြီးရင်းနှီးလွယ်လိမ့်မယ်လို့၊ ထင်ခဲ့ပေမဲ့၊ အဲလို မထင်လိုက်နဲ့။

ချမ်း (オレの愛)【Completed】Where stories live. Discover now