Chapter 21 - White Noise

2.2K 159 4
                                    

ဒီနေ့တွေမှာ Troye Sivan ရဲ့ 'Wild' ဆိုတဲ့ သီချင်းကို ထပ်ခါတလဲလဲ နားထောင်ဖြစ်နေခဲ့တယ်။ အဲသီချင်းထဲက ဒီစာသားလေးလိုဘဲ ...

'White Noise in my mind won't calm down. You're all i think about..'

မင်းက ကိုယ့်ခေါင်းထဲမှာ နေ့ရောညပါ သံစုံမြည်အောင် ဆူညံရိုက်ခတ်နေတဲ့ White Noise အသံလေးတွေလိုဘဲ 'ချမ်း'... မင်း​ အပြုအမူလေးတွေက ကိုယ့်စိတ်ကို မ,ငြိမ်သက်စေဘူး။ နှလုံးသားက နေထိပန်းလို နွမ်းဖတ်မောနေရတယ်။ မင်းကြောင့် ကိုယ့်မှာ ဒီစိတ်ကို ဘယ်လို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ပါတော့မလဲ ?

----------------------*--------------------

"ဘာကားကြည့်မလဲ မဟာ?"

ဒီညက Friday Night
တစ်ပတ်လုံး ကျောင်းသွား၊ သင်တန်းတက်၊ အလုပ်တွေလုပ်နဲ့၊ အသားကုန် ပင်ပန်းရပြီးတဲ့နောက်၊ အေးဆေး အနားယူရသော သူတို့ နှစ်ယောက်ရဲ့ကိုယ်ပိုင်အချိန်လေး။

"မဟာ ဘာကားကြည့်​ကြမလဲ?
မင်း ငါ့ကို အဖက်မလုပ်ပြန်ဘူး ကြည့်!
မေးနေတာ ဖြေအုံး"

ဆိုဖာကို နောက်မှီကာထိုင်နေပြီးမှ၊ အတွေးထဲမျောနေဟန် ရှိသော မဟာမြင့်မြတ်အား နောက်တစ်ခေါက် ထပ်မေးတော့မှ...

"အင်း ချမ်းသဘော"

"အင်း ငါလဲ ဘာကားကြည့်ရမလဲ? မသိဘူး။ မင်းကလဲ မသိဘူးဆိုတော့ ထားတော့။
ဟိုနေ့က ငလင်း ဇာတ်ကားအသစ်တွေ ထည့်ထားပေးတယ် ပြောတယ်။ ငါ တစ်ချက် ကြည့်ကြည့်လိုက်အုံးမယ်"

နောက်မှ မြင်နေရသော မွှေးညင်းစိမ်းနုနုတို့ ရှိနေဆီ၊ ချမ်းရဲ့လည်ဂုတ်သားဖွေးဖွေးလေးကို ငေးကြည့်ရင်း၊ မဟာမြင့်မြတ်ရဲ့အတွေးတွေက ဆက်ပြီး ရွက်လွှင့်လို့နေသည်။

ဘာလိုလိုနဲ့ သူတို့နှစ်ယောက် အတူတူ,နေလာတာက တစ်နှစ်နီးပါး ရှိပြီ။ အသည်းယားလွန်းလို့ နမ်းတိုင်း၊ မနေနိုင်စွာ ကိုက်မိတိုင်း၊ ချမ်း,ဆီမှ အရင်လို ဆဲသံဆိုသံများက သိပ်မကြားရတော့ပေ။ အရင်ထက်ပိုပြီး မဟာ့ကို ကြည်ဖြူလာတယ် ဆိုတာကိုလဲ သိတယ်။ သို့သော် ဤအနမ်းထက် တစ်ဆင့်ပိုမည်ဆိုရင်ကော ဘာဆက်ဖြစ်မယ်ဆိုတာတော့ သူ​ သေချာ မသိဘူး။

ချမ်း (オレの愛)【Completed】Where stories live. Discover now