Extra - Breaking me down

1.3K 70 8
                                    

အခန်းကျယ်တစ်ခုရှိ နှစ်ယောက်အိပ်ခုတင်ပေါ်၌ ခေါင်းအုံးကိုကျောမှီကာ ပျင်းရိပျင်းရွဲထိုင်လျက် စာအုပ်ဖတ်နေသော လူတစ်ဦး။ ထိုလူ့ဘေးတွင်တော့ ခပ်မတ်မတ်ထိုင်လျက် ဖုန်းပြောနေသော ပုံရိပ်တစ်ခု။

"%%% ... မလာဘူးဘဲ အကြောင်းပြန်လိုက်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ကိုနောက်တစ်ခေါက် လာမမေးနဲ့။ ဒါ... နောက်ဆုံးပဲ ဖြစ်ပစေ"

သိပ်မကြာလိုက်ဘူး။ သုံးမိနစ်လောက်ပါဘဲ။ အခန်းလေးထဲ တိုးတိုးသဲ့သဲ့နဲ့ ပျံ့လွင့်နေသော သြရှရှလေသံတစ်ခုက ရပ်ဆိုင်းသွားသည်။

မဟာမြင့်မြတ်...နောက်ဆုံးသော စကားတစ်ခွန်းကိုခပ်ပြတ်ပြတ်ပြောပြီးတာနဲ့ ဖုန်းကို ဘေးစားပွဲသို့ပစ်တင်လိုက်သည်။ ထို့နောက် နံဘေးသို့စောင်းငဲ့ကြည့်လိုက်တော့...

အဖြူရောင်တီရှပ်လက်တိုနဲ့ မွန်ပုဆိုးတစ်ထည်ကိုဝတ်ဆင်ထားသော။ မီးရောင်အောက်မှာမို့ သွေးကြောမျှင်လေးများရဲ့အသေးစိတ်ကိုတောင် မြင်နေရသည့် အသားအရေရဲ့ကောင်းခြင်းကိုပိုင်ဆိုင်ထားသော။

မျက်လုံးမျက်ဖန်လှလေ့ရှိသော မွန်လူမျိူးတွေအထဲမှာမှ အလှဆုံးသောမျက်ဝန်းညိုနှင့်၊ မျက်ခုံးများကိုပိုင်ဆိုင်ထားသော သူ့ရဲ့အမျိုးသားလေး။ တနည်းအားဖြင့် သူ့ရဲ့ချမ်း...

ချမ်း ကိုမြင်လိုက်ရသည်နှင့် မဟာမြင့်မြတ်၏ရှုပ်ထွေးနေမိသော စိတ်အလျှင်သည် ချက်ချင်းလိုပင် လွင့်ပျောက်သွားလျက်။ တည်ကြည်နေသောမျက်နှာပြင်ထက် မြတ်နိုးလွန်းသောအပြုံးတစ်ခုက ထွက်ပေါ်လာသည်။

မဟာ.. မတ်မတ်ထိုင်နေရာကနေ ကိုယ်ကို အနည်းငယ်ကွေးညွှတ်လိုက်ပြီး ချမ်းရဲ့နံဘေးသို့ရွှေ့သွားလိုက်သည်။ အိစက်နေသောနှုတ်ခမ်းနားသို့အရောက်မှာ မနေနိုင်ပါဘဲ...

'ပြွတ်စ်'

ဖျတ်ခနဲသာ နမ်းလိုက်ပြီးတော့ ချက်ချင်းဖယ်ခွာလိုက်မယ်စဥ်းစားထားခဲ့ပေမဲ့......

"ဟင့် အင်း...တော်ပြီ။ အလုပ်လုပ်နေတယ်၊ လာမနှောင့်ယှက်နဲ့"

နောက်တစ်ကြိမ်အစပြုမည့်အနမ်းတွေကိုတော့ ချမ်းက လက်မခံဟန်ပြုသည်။ I-pad ကို မမြင်ရလောက်အောင် အုပ်မိုးလာပြီဖြစ်တဲ့ မဟာမြင့်မြတ်ရဲ့ရင်ဘတ်ကိုလဲ တွန်းထုတ်လို့လာသည်။

ချမ်း (オレの愛)【Completed】Donde viven las historias. Descúbrelo ahora