Chapter 10 - Drunken in Love

3.6K 247 1
                                    

အရက်မူးလျှင် အမူးပြေအောင် သောက်ရမဲ့
ဖြေဆေးဆိုတာ ရှိသည်။
အချစ်မူးလျှင်ငြား ရေရာတိကျတဲ့..
ဖြေဆေးရယ်ဆိုပြီး မရှိ။

* * * * * *

UCSY ကျောင်းအားကစားပွဲများ ကျင်းပပြီး သိပ်မကြာမှီပင်။ Second Semester အဆုံးနားသို့ ရောက်လာခဲ့ပြီ။ စာမေးပွဲအချိန်အခါသို့ တစ်ကျော့ပြန် ကူးပြောင်းရောက်လာပြီ ဖြစ်၏။

ကျောင်းသူကျောင်းသားများအဖို့၊ ဒီစာသင်နှစ် တစ်နှစ်စာ အချိန်ကုန်ထားရသမျှကို ပြန်ပြီးကြိုးစားပြသရမည့်အချိန်အခါပင်။ First Semester တုန်းက ပေါ့ပေါ့ပါးပါး အလေလိုက်ခဲ့သော ကျောင်းသားများပင်၊ ယခုချိန်တွင်မူ ပြောင်းလဲကုန်ကြသည်။ ထိုအထဲတွင် လင်းလက်ကြယ်စင်နဲ့ မဟာမြင့်မြတ်ပါ ပါဝင်လာခြင်းက သူ့အတွက် စိတ်ချမ်းသာစရာတစ်ခုပင်။

UCSY ရဲ့ ကွန်ပြူတာ စက်ခန်းများအတွင်းမှ လူမရှိသော အခန်းလွတ်တစ်နေရာတွင်၊ ခေါင်းချင်းဆိုင်ကာ စာထိုင်လုပ်နေကြသော ကျောင်းသားသုံးယောက်။

"မွန်လေး ငါ့ကို ဒီပုစ္စာလေး ရှင်းပြအုံး။ တွက်နည်းကို ခေါင်းပေါက်အောင် စဥ်းစားလဲ ငါ့ခေါင်းထဲမှာ ဘယ်လိုမှ အဖြေ ထွက်မလာဘူး"

အရင်နဲ့မတူ စာလုပ်ဖို့ တိုက်တွန်းစရာ မလိုအောင်ပင်၊ စိတ်ဝင်တစား မေးလာသော လင်းကြောင့် သူသည်လဲ အားတက်သရောပင် ပြန်ရှင်းပြမိ၏။ ထို့နောက်..

"မင်းတို့ ဒီစာမေးပွဲကြီး ပြီးလို့၊ ကျောင်းကြီးပိတ်ရင်ကော၊ သင်တန်းတွေ ဆက်တက်မှာလား?"

သူ့အမေး ဆုံးတာနဲ့၊ လင်းလက်နဲ့ မဟာက ဤသို့ ပြန်လည်ဖြေကြားလာကြသည်။

"ဒီဖေကိုယ်ကတော့ သားကြီးနဲ့ သားလေးတက်ရင် လိုက်တက်မယ်လေ။ တစ်ယောက်ထဲတော့ နိုးပါ ပျင်းတယ်"

"ချမ်း က ကော"

"ငါတော့ ဆက်တက်ဖို့ တွေးထားတယ်။ ဒီနှစ် ဒီဇင်ဘာ JLPT N4 exam (နိုင်ငံတကာ အသိအမှတ်ပြု ဂျပန်စာ အရည်အချင်းစစ် စာမေးပွဲ) ဝင်ဖြေကြည့်ချင်လို့။ ဒါမဲ့ အပါးနဲ့အမေးဆီတော့ ခဏ ပြန်ရအုံးမှာ။ မဟုတ်ရင် ငါ့ကို ရန်ကုန်မှာဘဲ တစ်အိုးတစ်အိမ် ထူထောင်လိုက်ပြီဆိုပြီး ထင်ချင်ထင်နေကြမှာ ဟဟ"

ချမ်း (オレの愛)【Completed】Where stories live. Discover now