Chapter 40 - Our Destiny

2.5K 144 1
                                    

"ဘာ! အခု ချက်ချင်း ပြန်လာရမယ်၊ ဘာဖြစ်တာလဲ မမ!? အမေးက ပြောတာလား? အင်း အဲဒါဆိုလဲ ငါ အခုပဲ အထုပ်အပိုးပြင်ပြီး နယ်ဆင်းလာလိုက်မယ်။ အေး အေး ဒါပဲ"

"ချမ်း..."

"မဟာ ငါ့အိမ်က အရေးကြီးကိစ္စတဲ့။ ဖုန်းထဲမှာမို့ ဘာလဲတော့ သေချာ မ​ပြောပေမဲ့ အပါးနဲ့အမေးက ငါ့ကို အခုချက်ချင်း ပြန်လာဖို့ လိုတယ်တဲ့။ အဲဒါ..."

"အင်း ကိုယ် အထုပ်အပိုး ဝိုင်းပြင်ပေးမယ်"

"နေအုံး ..."

"အင်း"

"ဆောရီး မင်း ဒီအပတ် ဂျပန် ပြန်ရတော့မှာကို ငါ...."

အတွေးတွေ လွန်ပြီး စိတ်ပူနေတဲ့ ချမ်းရဲ့နဖူးကို မဟာ လက်ညိုးနဲ့ ခပ်ဖွဖွ,တောက်လိုက်ရင်း..

"မလိုဘူးလေ။ ကိုယ့်ထက် မိသားစုကိစ္စက ပိုအရေးကြီးတယ်။ ဘာတွေ စိတ်ပူနေလဲ? ကိုယ်က ကလေးမှ မဟုတ်တာ"

ထိုသို့ပြောလိုက်မှ စိတ်သက်သာရာ ရသွားဟန်ဖြင့်၊ မဟာ့ရဲ့လက်မောင်းပေါ်သို့ ချမ်းက ခေါင်းလေး မှီတင်လာခဲ့သည်။

"အွင်း ဟုတ်တယ်"

ရင်ခွင်ထဲမှ ချမ်းရဲ့ဆံနွယ်တွေကို လက်နဲ့ ခပ်ဖွဖွ ထိတွေ့လိုက်ပြီး၊ နဖူးထောင့်လေးကို ငုံ့၍နမ်းလိုက်ကာ..

"ဖြစ်နိုင်ရင် ကိုယ်တိုင် လိုက်ပို့ပေးချင်တာ ဒါပေမဲ့..."

"သိတယ်၊ ငါ့ကိုလဲ စိတ်မပူနေနဲ့။ ကားကို ဖြည်းဖြည်းလေး ပုံမှန်ပဲ မောင်းသွားမယ် အဲဒါဆို အိုခေ? "

"အင်း ပြီးတော့..."

"ဘာကိစ္စနဲ့ ခေါ်တာမှန်း ငါလဲ ခုထိ မသိသေးပေမဲ့၊ မင်း အရမ်း စိတ်မပူပါနဲ့။ တစ်ခုခုဆိုရင် မင်းကို ဖုန်းဆက်ပြီး လှမ်းအသိပေးမယ် ဟုတ်ပြီလား?"

"အင်း"

"ဒါဆို ငါ့ကို ခရီးသွားဖို့ ဝိုင်းပြင်ဆင်ပေးတော့ လာ..."

******

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်။

"ဒီအတောအတွင်း အရာအားလုံးအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်"

ဂုတ်ကျော်တဲ့ ဆံနွယ်ရှည်,ပျော့ပျော့တွေကို ကျစ်ဆံမြီး,သေးသေးလေးတွေ ကျစ်ထားပြီး၊ အဝါနဲ့အနက်စပ် Tracksuit ကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားတဲ့ Rita ရဲ့ယခုပုံစံက လုံးဝ Style ကျပြီး မိမိုက်နေသော်ငြား၊ တော်ဝင့် မျက်စိထဲမှာတော့ သိပ်ပြီး အသား,မကျသေး။

ချမ်း (オレの愛)【Completed】Where stories live. Discover now