Chapter 7 - My Penicillin

2.5K 222 2
                                    

အရင်တုန်းက သေချင်တဲ့ အတွေးတွေ ခနခန ဝင်ခဲ့ဘူးတယ်။
မိဘရင်းတွေဆီကတောင် စစ်မှန်တဲ့ အကြင်နာ မရခဲ့ဘူးလို့၊ ဒီဘဝကြီးကို ကြိတ်မနိုင်၊ ခဲမရတွေ ဖြစ်ခဲ့ဘူးတယ်။
မင်းနဲ့ မတွေ့ခင်ထိပေါ့...ချမ်း...

-------------------*--------------------

ရန်ကုန်မြို့၊ လှည်းတန်း။
Momiji Japanese Language Schoolရဲ့ရှေ့မှာ သင်တန်းခွဲတစ်ခု အတန်းဆင်းချိန်မို့၊ စကားပြောသံများ ဆူညံလို့နေ၏။

"ကဲ သားကြီး နဲ့ သားလေး အဆောင် တန်းမပြန်ကြနဲ့အုံး။ ဗိုက်ဆာတယ်။ တစ်ခုခု သွားစားကြမယ်"

လင်းလက်ရဲ့စကားအဆုံး သူငယ်ချင်း သုံးယောက်သား၊ ဦးထွန်းလင်းခြံ,လမ်းထဲရှိ 'Shake' ဆိုင်သို့ ဦးတည်၍ သွားကြသည်။

သူ ရန်ကုန်သို့ ပြန်ရောက်နေသည်မှာ တစ်လပင် ရှိပြီ။ ဂျပန်စာ သင်တန်းတက်နေသည်မှာလဲ ဘာလိုလိုနဲ့ တစ်လပင် ပြည့်ပြီ။ ဒီလို မျက်စိကျယ်၊ နားကျယ်စေချင်လို့၊ မွန်ပြည်နယ်မှာရှိတဲ့ သထုံ ကွန်ပြူတာတက္ကသိုလ်ကို​တောင် မတက်စေဘဲ၊ ရန်ကုန်သို့ ယုံကြည်စွာ စေလွှတ်သော 'အပါးနဲ့အမေး' ကြောင့်၊ ခုတစ်ခေါက် ခွင့်တောင်းရာမှာလဲ တစ်စုံတစ်ခု ပြသနာ မရှိခဲ့ပေ။

ပြောရရင် မွန်လူမျိုး မိဘ တော်တော်များများက သားသမီးတွေကို ပုံစံခွက်ကြီးအတိုင်း၊ စည်းကမ်း တင်းကြပ်ကြသော်ငြား၊ ထိုထဲတွင် သူ၏ အပါး နဲ့ အမေး မပါဝင်ခဲ့တာမှာ တော်တော်ပင် ကံကောင်း၏။

"ငါက ကော်ရည်ခေါက်ဆွဲပဲ စားမှာ မင်းတို့ကော?"

"သုံးယောက်လုံးအတွက် အဲဒါပဲ မှာကွာ"

Shake ရဲ့ ကော်ရည်ခေါက်ဆွဲက ငြင်းစရာ မလိုအောင်ကို သုံးယောက်လုံး၏အကြိုက်မို့၊ ပွဲတွေချလာပြီ ဆိုတာနဲ့၊ စကားပင် မပြောနိုင်ကြပေ။ စားပြီးတဲ့နောက် လင်းလက်က သူ့အိမ်သို့ပြန်ကာ၊ ချမ်း နဲ့ မဟာက လှော်ကားပြန်မဲ့ Bus Stop မှာ ဘတ်စကားစောင့်ဖို့ သွားကြ၏။

*
*
*
*
*

"ဒေါက်...ဒေါက်..."

သင်တန်းမှ ပြန်ရောက်ပြီး ရေမိုးချိုး၊ ထမင်းစားပြီး၊ စာတွေ ပြန်ကြည့်နေမိစဥ်၊ တံခါးခေါက်သံကို ကြားလိုက်ရ၏။ အခန်းတံခါး ဖွင့်ကြည့်လိုက်တော့ မဟာမြင့်မြတ်။

ချမ်း (オレの愛)【Completed】Where stories live. Discover now