Chapter 13 - Beyond the Boundary

2.2K 175 3
                                    

ဒီခံစားချက်တွေရဲ့အစမှာ
ကိုယ်လဲ မရေမရာ မသေချာဖြစ်ခဲ့ဘူးတယ်
ကျေးဇူးပြုပြီး
စည်းတစ်ဖက်ကို ကျော်ကြည့်ပေးပါလား..ချမ်း

------------------------*------------------------

ဒါက အိမ်မက်လား ?
သူ အခု အိမ်မက် မက်နေတာလား ?

သို့သော် အိမ်မက် မဟုတ်ဘဲ တကယ် လက်တွေ့ဖြစ်နေတယ်,ဆိုတာကို၊ သူ့မေးဖျားကို လက်တစ်ဖက်ဖြင့်၊ ဆုပ်ကိုင်ထားကာ၊ နှုတ်ခမ်းတွေကို ဆွဲကာ နမ်းရှိုက်​နေတဲ့ မဟာမြင့်မြတ်က သက်သေပင်။

"အွန်း.."

အထိတ်တလန့်ဖြင့်ပင်၊ သူ့အပေါ်မှာ အုပ်မိုးနေတဲ့ မဟာ့ ကိုယ်ကြီးကို တွန်းကာ ရုန်းသော်လဲ မရ။ ခါးအောက်ကနေ လက်လျိုသွင်းကာ၊ လူတစ်ကိုယ်လုံးကို သိမ်းကြုံးဖက်ထားသော၊ မဟာမြင့်မြတ်ကြောင့် သူ့ရဲ့ရုန်းခြင်းက နည်းနည်းမှ အရာ မရောက်ပေ။

"အ့! "

ရုန်းလေ၊ ရုန်းလေ နူးနူးညံ့ညံ့ မှသည် ပို၍ ကြမ်းတမ်းစွာ နမ်းရှိုက်လာတဲ့လူကြောင့်၊ အသက်ရှုပင်ကြပ်လာမိသည်။ ထိုစဥ်တစ်ခန ပါးစပ် ဟသွားသည်ကို အခွင့်အရေးယူကာ၊ သူ့လျှာထဲသို့ တိုးဝင်လာ​ပြန်သော နူးညံ့သော အထိအတွေ့တွေ။ ခွင့်ပြုချက် မရဘဲ ရုတ်ချည်းပင် ဤအနမ်းများကို ကျူးကျော်လာသူမှာ ဒီလေးနှစ်တာ ကာလပတ်လုံး စိတ်တူကိုယ်တူ သူငယ်ချင်းရယ်လို့ သူ သတ်မှတ်ထားခဲ့တဲ့ မဟာမြင့်မြတ်။ သူ့ပေါ်ဆို အလိုလိုက်၊ အနွံတာခံပြီး၊ ဘယ်သောအခါမှ ကြမ်းတမ်းစွာ ဆက်ဆံလေ့ မရှိတဲ့ မဟာမြင့်မြတ်။

သို့သော် ယခုမှာတော့ သူ့နှုတ်ခမ်းတစ်ခုလုံး အမ်း,တက်လာရတော့မတတ် သည်းကြီးမည်းကြီး နမ်းရှိုက်နေသူမှာလဲ မဟာမြင့်မြတ်ပင် ဖြစ်၍၊ ရှေ့ဆက် ဘယ်လိုမှ သည်းမခံနိုင်တဲ့အခါ ...

"အင့် ကဲကွာ"

ဘယ်လိုမှ ဆက်ပြီး သည်းမခံနိုင်တော့တဲ့အဆုံး၊ ရှိသမျှ ခွန်အားအားလုံးကို သုံးကာ မဟာ့ကို တွန်းထုတ်ပစ်လိုက်မိ၏။ တွန်းထုတ်လိုက်တဲ့အရှိန်နဲ့၊ နောက်သို့ လှန်ကာ လဲကျသွားသော မဟာမြင့်မြတ်ရဲ့ ကော်လံစကို ဆောင့်ဆွဲယူကာ..

ချမ်း (オレの愛)【Completed】Where stories live. Discover now