[Zawgyi]
သူမ လုံရှန်းကို ခရီးထွက်ခဲ့တဲ့အကြောင်းတွေ မေးမြန်းပြီးနောက်တော့ ကြင်ယာတော်လျှိုက လုံရွှမ်းထံ မေးခွန်းဦးတည်လိုက်တယ်။
"မင်းဦးလေးက မင်းကိုလာတွေ့လား"ကိုယ်လုပ်တော်လီက အနောက်နန်းတော်ကိုထိန်းချုပ်ပြီးနောက်ပိုင်းမှာ လျှိုရွှမ်းရှီက သူ့ ကြင်ယာတော်ညီိမ ဆီ သွားတွေ့ဖို့ ဆင်ခြေလွယ်လွယ်ကူကူပေးလို့မရတော့ဘူး။
"ဟုတ် လာတွေ့ပါတယ်"
"သူတစ်ခုခုပြောသေးလား"
"သိပ်တော့မပြောပါဘူး"
ဒီစကားနှစ်ခွန်းကြားတွင် ကြင်ယာတော်လျှိုမှာ ပြင်းပြင်းထန်ထန်ချောင်းဆိုးလေတော့သည်။"ကြင်ယာတော်မယ်တော်.."
ထိုအခါမှပဲ ကြင်ယာတော်လျှိုမှာ နေမကောင်းမှန်း လုံရှန်း သိသွားတော့တယ်။ သူက ထပ်မေးလိုက်တယ်။
"ကြင်ယာတော်မယ်တော် ဘာဖြစ်ထားတာလဲ"လုံရွှမ်းက သူ့လက်နဲ့ သူ့အမေနောက်ကျောကို ချောင်းဆိုးသက်သာအောင် ပွတ်ပေးနေတယ်။ အစေခံတစ်ယောက်က ရေနဲ့ဆေးကိုယူပြီး ဝင်လာတယ်။
"အခုနောက်ပိုင်း ဘာတွေဖြစ်နေလည်း ငါလည်းမသိတော့ဘူး" ကြင်ယာတော်လျှိုက ချောင်းဆက်ဆိုးတာ အတော်ကြာပြီးမှ စကားဆက်ပြောနိုင်တယ်။
"ဒီချောင်းဆိုးတာက သက်ကိုမသက်သာတာ!"လုံရွှမ်းက အကြံပေးလိုက်တယ်။
"စစ်ဆေးကြည့်ဖို့ နန်းတွင်းသမားတော်တစ်ယောက်လောက် သွားခေါ်ရအောင်""လာကြည့်ပေးပြီးပြီ"
ကြင်ယာတော်လျှိုကဖြေလိုက်တယ်။
"ငါတို့ မနေ့ညလေးကတင် သမားတော်ပြောင်းထားတာ...ငါ့ကိုလာကြည့်ပြီး နောက်ထပ်ဆေးညွှန်းတစ်ခုရေးပေးသွားတယ် အထောက်အကူဖြစ်တယ်လို့တော့ ငါမထင်ဘူး""ကြင်ယာတော်မယ်တော်..." လုံရွှမ်းကပြောလိုက်တယ်။
"အဲဆေးညွှန်း သားတော်ကိုပေးပါ"လုံရွှန်းက သူ့ဦးလေးကို နန်းတော်အပြင်က သမားတော်တွေဆီမှာ ကြင်ယာတော်လျှိုသောက်သုံးနေတဲ့ ဆေးညွှန်းကို စစ်ဆေးခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果