[Zawgyi]
အပိုင်း ၁၃၆ ။ မိသားစု
လော့ဝေ့အိမ်ပြန်ရောက်ချိန်မှာတော့ လော့ဇီက မြို့တော်စစ်တန်းလျားကနေ ပြန်ရောက်လာစဖြစ်ပြီး ညီအစ်ကိုတွေ တံခါးမှာဆုံသွားတယ်။
"မင်းဘာဖြစ်တာလဲ"
လော့ဇီက တစ်ချက်ကြည့်ရုံနဲ့ လော့ဝေ့နဖူးပေါ်ကဒဏ်ရာကိုမြင်သွားပြီး မျက်လုံးတွေကချက်ချင်း စိုက်ကြည့်ကုန်တယ်။"ဘာမှမဖြစ်ပါဘူး" လော့ဝေ့က အပြုံးနဲ့ပြောလိုက်တယ်။
"အိမ် အရင်ပြန်ရအောင်""ဘယ်သူက မင်းကို ရိုက်ခဲ့တာလဲ"
လော့ဝေ့ နဖူးကအခြေအနေမကောက်းဘူးလို့ လော့ဇီခံစားနေရတယ်။
"ဝေ့လန်၊ မင်းပြော၊ ဘာဖြစ်ခဲ့တာလဲ"
လော့ဝေ့ရဲ့ ပေါ့ဆဆအမူအရာကိုမြင်တော့ လော့ဇီတစ်ယောက် အနောက်က ဝေ့လန်ကိုပဲမေးလိုက်တော့တယ်။ဝေ့လန် လှည်းထဲမှာ အချိန်အကြာကြီး လော့ဝေ့ရဲ့ သွေးခြေဥနေတာကို နှိပ်နယ်ပေးနေခဲ့ရတာဖြစ်တယ်။ သူ လော့ဝေ့ကို နန်းတော်ရှေ့စောင့်နေခဲ့တုန်းက ကြင်ယာတော်လီတစ်ယောက် လော့ဝေ့ကို ပြင်းပြင်းထန်ထန်အပြစ်တင်ခဲ့တယ်လို့ ကြားပြီးသား။ ဝေ့လန် အထဲတကယ်ဝင်သွားပြီး လော့ဝေ့ ဘယ်လိုနေလဲ သိချင်ပေမဲ့ သူ နန်းတော်ထဲကိုဝင်လို့မရဘူး။ ဝင်မိသွားခဲ့ရင် လော့မိသားစုအတွက် ပြဿနာတက်ရလိမ့်မယ်။ လော့ဝေ့ နန်းတော်ထဲကနေထွက်လာချိန်မှာတော့ သူ့နဖူးက ဆေးရည်လိမ်းထားပြီး ခရမ်းရောင်အမာရွတ်ကလည်း သိသာလှတယ်။ ဝေ့လန် နှလုံးသား တင်းကြပ်သွားခဲ့တော့တယ်။
"သွားရအောင်" လော့ဝေ့က ရှေ့ကိုတိုးပြီး လော့ဇီကို အိမ်ထဲခေါ်လာခဲ့တယ်။
"ကျွန်တော်တို့ အိမ်ဝင်ပေါက်မှာ ရပ်မနေသင့်ဘူး"လော့ဇီတစ်ယောက် အိမ်ထဲ လော့ဝေ့အဆွဲခံလာရပြီး အထဲရောက်ချိန်မှာတော့ ရပ်မေးလိုက်တယ်။
"ဟုတ်ပြီ၊ အခုငါတို့အိမ်ရောက်ပြီ၊ ဘာတွေဖြစ်ခဲ့တာလဲ"လော့ဝေ့တစ်ယောက် သူတို့ပတ်ပတ်လည်က အစေခံတွေ သူတို့ကိုကြည့်နေတာ သတိထားမိသွားတော့ လော့ဇီကိုဆက်ဆွဲခေါ်လာပြီး ခပ်တိုးတိုးပြောလိုက်တယ်။
"ကျွန်တော်နန်းတော်ထဲ နည်းနည်းပြဿနာရှာခဲ့မိတာ၊ ဒါက နဖူးနဲ့တိုက်ပြီးတောင်းပန်ရင်း ဖြစ်တာပဲ"
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果