အပိုင်း ၃ ။ အပြစ်သားတစ်ယောက်၏အတိတ်

16.9K 2.2K 107
                                    

[Zawgyi]

လော့ဝေ့ အတင်းထထိုင်လိုက်တယ် သူ့လက်မောင်းတွေက နာကျင်နေပေမဲ့ ဆယ်နှစ်နီးပါးသူများနှိပ်စက်တာခံခဲ့ရတဲ့လော့ဝေ့အတွက်တော့ဒါကဘာမှမဟုတ်သလိုပဲ သူ၁၃နှစ်မှာ ဖုန်းဝူတပ်(1)စစ်သူကြီးရဲ့သားနှစ်ယောက်က သူ့ကိုပြန်လက်စားချေခဲ့တယ်ဆိုတာမှတ်မိနေသေးတယ်
သူတို့နှစ်ယောက်သူ့ကိုရိုက်နှက်ခဲ့ကြတယ် ထွက်ပြေးဖို့လုပ်ရင်း အငယ်ကောင် ကျောင်းကျွမ်းရိက သူ့ဘက်ဘယ်လက်မောင်းကိုမြှာပစ်ခဲ့တယ်
သူကျောင်းညီအကို ကိုအပြစ်မတင်တော့ ဒါ တခြားသူတွေကိုနှိပ်စက်မိတဲ့သူ့အပြစ်သာပဲ လမ်းပေါ်မှာအကြီးကောင်ရဲ့ယောက်ဖကိုပြောဆိုနှိပ်စက်ခဲ့မိတာကသူပဲ ဘာလို့လဲဆိုတော့ အဲပညာတတ်လူဆင်းရဲလေးရဲ့ဇနီးလောင်းရုပ်ရည်ကိုကြိုက်မိလို့ပဲ ၁၃နှစ်မှာတည်းက သူဟာ မိန်းကလေးတွေကိုဖျက်ဆီးဖို့သင်ယူခဲ့ပြီးပြီ

လော့ဝေ့ခေါင်းခါလိုက်ပြီးကိုယ့်ကိုကိုယ်လှောင်လိုက်တယ် သူဘာလို့အရင်ဘဝတုန်းက ကိုယ်ကျင့်တရားအဲလောက်တောင်ပျက်ခဲ့မိတာလဲ အာဏာရှိတဲ့မိသားစုကနေမွေးဖွားလာလို့လား သူ့အဖေကလက်ဝဲဥပဒေအမတ်မင်း သူ့အကိုကြီးဆုံးက ယွမ်ကွမ်း(2)မှာစစ်သူကြီး ဒုတိယအကိုက မြို့တော်ရဲ့စစ်သူကြီးပဲ သူ့အမေကလည်း နာမည်ကြီးစစ်တပ်မိသားစုကနေဆင်းသက်လာခဲ့တယ် သူ့အမေဘက်ကဦးလေးတွေအကုန်လုံးကစစ်သူကြီးတွေပဲ နောက်ဆုံးတစ်ယောက်ကတော့ သူ့အဖေဘက်ကအဒေါ်က ဧကရီတစ်ပါး..လော့ကျီယိဖြစ်နေခဲ့တာပဲ အားလုံးက မြင့်မြတ်လှတဲ့ကျောင်းအင်ပါယာကြီးရဲ့အာဏာတစ်ဝက်ကိုလော့မိသားစုကပိုင်ခဲ့တယ်လို့ပြောခဲ့ကြတယ်

ဒီအာဏာကြောင့်ပဲ နောင်ခုနှစ်နှစ်အကြာမှာ သူ့မိသားစုဖျက်ဆီးခံခဲ့ရတယ် သူ့အဒေါ် ပလ္လင်ပေါ်က ဖြုတ်ချခံရပြီး အအေးနန်းဆောင်ထဲမှာဘဝကိုအဆုံးသတ်ခဲ့ရတယ် သူ့အဖေက ရာထူးချခံခဲ့ရပြီး လင်နန်ကိုနယ်နှင်ဒဏ်ခံရပြီးသွားတဲ့လမ်းမှာဆုံးပါးခဲ့တယ် သူ့အကိုကြီးဆုံးက စစ်ပွဲထဲမှာသေဆုံးခဲ့ရပြီး မြောက်ပိုင်းယန်စစ်သားတွေရဲ့ လက်ချက်နဲ့အရိုးတွေဟာရွှံ့မြေတွေထဲနစ်မြုပ်ခဲ့ရတယ်
သူ့ဒုတိယအကိုကတော့ သူ့အဖေကိုကယ်ဖို့နန်းတော်ထဲခိုးဝင်ရာကနေဖမ်းမိပြီး မြောက်ပိုင်းယန် ဆီ စစ်တိုက်ထွက်ဖို့အလဲအထပ်လုပ်ခဲ့ရတယ် ဒါပေမဲ့လမ်းမှာပဲ  နန်းတော်ကတစ်ယောက်ယောက်ရဲ့အဆိပ်နဲ့လုပ်ကြံပြီးသေဆုံးခဲ့တယ် ဒီနောက်မှာတော့ဧကရာဇ်အဖိုးကြီးရဲ့ ဒေါသတွေကပေါ်ပေါက်လာတော့တယ် သူ့အဒေါ်ရဲ့သားအကြီးဆုံးက အိမ်ရှေ့စံရာထူးကနေဖြုတ်ချခံခဲ့ရတယ် ဒီနောက် သူ့အမေရဲ့တခြားသားတော်တွေဖြစ်တဲ့မင်းသား(၃) လုံဟန်နဲ့ မင်းသား(၆)လုံဟောင်တို့နဲ့အတူ ရှားချွမ်က နန်းတော်အထိမ်းအမှတ်သင်္ချိုင်းဂူမှာ အကျဉ်းချခံခဲ့ရတယ် ဒီနောက်တော့လော့မိသားစုရဲ့စည်းစိမ်တွေဟာပျက်သုဉ်းပြီးတော့ မျိုးဆက်လည်းပြတ်တောက်သွားခဲ့တယ်

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now