[Zawgyi]
သက်ရှည်ခန်းမဆောင်မှာ မယ်တော်ကြီးက သူမအသက်ရှူ ကျပ်နေတာကို ဖြေလျှော့ဖို့ အသက်ဝဝရှူနေတယ်။
ကြင်ယာတော်လျှိုက မယ်တော်ကြီး ဘယ်ဘက်လက်နားမှာ ထိုင်ကာ မျက်ရည်တွေနဲ့ ပြည့်နေလေရဲ့။
"အဲဒါလော့ဝေ့လား" မယ်တော်ကြီးက မေးလာတယ်။
"ချန်ကျဲ့(၁)အစ်ကိုကြီး ပြောတာတော့အဲလိုပါပဲ"
"သူက ဘာပြောလဲ၊ အစကနေအဆုံးထိ ငါ့ကိုပြောပြစမ်း!"
ကြင်ယာတော်လျှိုက ကြောက်ရွံ့တဲ့မျက်နှာထားလုပ်ပြလိုက်တယ်။
"ပြောစမ်း!" မယ်တော်ကြီးက အော်လိုက်လေတယ်။
ကြင်ယာတော်က မယ်တော်ကြီးရှေ့ဒူးထောက်ကာ တိုးတိတ်စွာဆိုတော့တယ်။
"အစ်ကိုကြီးပြောတာကတော့ လော့ဝေ့အပေါ် ဧကရာဇ်ရဲ့အပြုအမူတွေက ထူးဆန်းလွန်းတယ်တဲ့၊ ဒီကလေးက စပ်ဆုတ်ဖွယ်ကောင်းလောက်တဲ့အထိ ဥာဏ်ပြေးလွန်းတယ်တဲ့၊ သူ့ကို ရှင်လျက်ထားလို့မရပါဘူး""ရှင်လျက်ထားလို့မရဘူးတဲ့လား"
"အစ်ကိုကြီးပြောတာက မယ်တော်က လော့ဝေ့ကိုမြင်ဖူးပြီးဖြစ်မှာပါတဲ့၊ ဒီမျက်နှာကိုလွန်ခဲ့တဲ့ ၁၃နှစ်ကလည်း မြင်ဖူးတဲ့အကြောင်း သတိရနေမှာပါတဲ့"
မယ်တော်ကြီးက နောက်ထပ်အေးစက်စွာ အသက်ရှိုက်လိုက်မိတယ်။ ဟုတ်တာပေါ့ လော့ဝေ့က ဘယ်သူနဲ့တူသလဲ သူမသိတယ်။ သူမ အသက်ရှင်နေသရွေ့ အဲမျက်နှာကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ လော့ကျီကျင်း...။ အဲမိန်းမကြောင့်သာ မဟုတ်ရင် ဧကရာဇ်ရှင်းဝူက လွေ့မူမျိုးရိုးကို ဘာလို့ အဲလောက်ထိမုန်းတီးမှာလဲ။ သူ့ခန္ဓာကိုယ်က လွေ့မူသွေးတစ်ဝက်ပါတယ်ဆိုတာတောင် ဂရုမစိုက်ဘဲ အကုန်လုံးကို သတ်ဖြတ်ခဲ့တယ်။
"မယ်တော်"
ကြင်ယာတော်လျှိုက မယ်တော်ကြီးကို ဂရုတစိုက်လှမ်းခေါ်လိုက်တယ်။ လျှိုရွှမ်းရှီက သူမကို နောက်ဆုံးအမှာစာတစ်ခုသာ ချန်ထားခဲ့တယ်။ လော့ဝေ့ကို အသက်ရှင်လျက်ထားလို့မဖြစ်ဘူး။ သူတို့ မယ်တော်ကြီးရဲ့လက်ကို ငှားကိုငှားရမယ်။
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果