အပိုင်း ၁၁၀ ။ လူယုတ်မာလက်ထဲကျရောက်ခြင်း

3.4K 597 55
                                    

[Zawgyi]

လော့ဝေ့ မျက်လုံးတွေပွင့်လာကာ ဦးနှောက်က တစ်ခဏတာ  ဘာမှစဉ်းစားမရဖြစ်နေခဲ့တယ်။ ဒါပေမဲ့ အလျင်အမြန်ပဲ သူ့လက်နဲ့ခြေထောက်တွေကို ကျောက်ပြားချပ်ပေါ်မှာ ချည်ခံထားရကြောင်း သဘောပေါက်သွားတော့တယ်။

"အိုး၊ သခင်လေးက နောက်ဆုံးတော့ နိုးပြီကိုး"
နူးညံ့လှတဲ့ အသံတစ်သံက သူ့ဘေးကနေထွက်လာတယ်။

လော့ဝေ့က  သူ့မျက်လုံးရှေ့ ရုတ်တရက် နီးကပ်လာတဲ့ မျက်နှာကိုမြင်သွားတယ်။ အဲမျက်နှာက လုံးဝ မထူးခြားတဲ့ သာမညောင်ညမျက်နှာဖြစ်ပြီးတော့ လူအုပ်ထဲ အလွယ်တကူ ပျောက်သွားနိုင်တဲ့ မျက်နှာမျိုးဖြစ်တယ်။ ဒါပေမဲ့ လော့ဝေ့ကတော့ ဒီမျက်နှာကို လူတိုင်းထက်ပိုပြီးရင်းနှီးတယ်။

ကူလျှို့...။

အတိတ်ဘဝတုန်းက နန်းတော်ကနေ လုံရွှမ်းရဲ့ နှင်ထုတ်ခြင်းခံလိုက်ရပြီးတဲ့နောက် ဒီလူက သူ့ပထမဆုံး အလုပ်ရှင်ဖြစ်လာခဲ့တယ်။ ဒီလူ့လက်ထဲ၃ လတာနေထိုင်ခဲ့ရခြင်းက လူသေတွေကိုတောင် မနာလိုဖြစ်မိစေခဲ့လေရဲ့။ အဲဒီ တုန်လှုပ်ခြောက်ချားဖွယ်အတွေ့အကြုံပြီးတဲ့နောက် တခြားလူတွေရဲ့ ပျော်ရွှင်မှုအတွက် ကစားခံရတဲ့ ပြည့်တန်ဆာတစ်ယောက်လိုမျိုး ဝမ်းနည်းဝမ်းသာမှု ခံစားချက်ပျောက်ဆုံးသွားခဲ့တယ်။ သူ့ကိုယ်အခွံလွတ်ထဲ ဝိဥာဉ်တစ်စွန်းတစ်စတောင် ရှိမနေခဲ့တော့ဘူး။

"မင်းရဲ့ ဒီမျက်နှာလေးက ငါ သနားအောင်လုပ်နိုင်တဲ့အထိ လှသားပဲ!"
ကူလျှို့က လော့ဝေ့ မျက်လုံးကို စိုက်ကြည့်နေတယ်။

လော့ဝေ့ စကားပြောချင်ပေမဲ့ သူ့ပါးစပ်က စို့ပိတ်ခံထားရကြောင်း သိသွားတယ်။ အဝတ်ကနေတစ်ဆင့် ညည်းတာကလွဲ
သူ ဘာမှမပြောနိုင်ဘူး။ ပေါ်ဟွားက သူ့ကို တွေ့ချင်တယ်ပြောတဲ့ လူငယ်က တရားခံပဲဖြစ်ရမယ်။ ဒါပေမဲ့ ဘယ်သူက ဒီလောက် ရက်စက်နိုင်မလဲ။ သူ့ကို မသတ်ဘဲ ကူလျှို့လိုလူတစ်ယောက်လက်ထဲ ထည့်ဖို့လေ...။ လုံရွှမ်းလား။ မဟုတ်နိုင်ဘူး။ သူသာအခု တစ်ခုခုဖြစ်ရင် ပထမဆုံးသံသယဝင်ခံရမဲ့သူက လျှိုရွှမ်းရှီပဲ။ လုံရွှမ်းလည်း သံသယဝင်ခံရတာကနေ လွတ်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒါကိုလုပ်ရလောက်တဲ့ထိ တုံးအမှာမဟုတ်ဘူး။ ဒါဆို ဘယ်သူလဲ။ လျှိုရွှမ်းရှီရဲ့ မဟာမိတ်တွေထဲက တစ်ယောက်ယောက်များလား။ သူတို့က
သူ့ကို ဒီလောက်တောင် မုန်းနိုင်တယ်ပေါ့။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now