အပိုင်း ၁၀၁ ။ လူကောင်းများ

3.1K 615 5
                                    

[Zawgyi]

လော့​ဝေ့က လုံရှန်းအတွက် အသနားခံချင်ပေမဲ့ မနက်ပိုင်းညီလာခံပြီးတဲ့အထိသာ စောင့်နေရတယ်။

"ထလို့ရပြီ"
ဧကရာဇ်ရှင်းဝူက ဒူးထောက်နေတဲ့ လုံရှန်းကို တစ်ချက်သာကြည့်လိုက်တယ်။

"ဒီတစ်ကြိမ် ဝေ့အာက မင်းအပြစ်အတွက် ခွင့်လွှတ်ပေးဖို့ အသနားခံလို့၊ မင်းဒီလိုမျိုး နောက်တစ်ကြိမ်လုပ်ရဲလုပ်ကြည့် ကိစ္စကလွယ်လွယ်နဲ့ ပြီးမယ်မထင်နဲ့!"

လုံရှန်းက ကျေးဇူးတင်ဖို့ ခေါင်းနဲ့မြေကြီးထိလိုက်ပေမဲ့ သူအချိန်အကြာကြီး ဒူးထောက်နေခဲ့ရတဲ့အတွက် ကျောင်းဖူသွားပြီး ကူညီပေးလိုက်ရတယ်။

"မင်းခန်းမဆောင်ကိုပြန်" ရှင်းဝူက လုံရှန်းကို သွားခွင့်ပြုဟန် လက်ယမ်းပြလိုက်တယ်။
"ဒီရက်ပိုင်း မင်းအဆောင်မှာပဲနေပြီး  အပြင်မထွက်ရဘူး၊ နန်းတော်စာကြည့်ဆောင်ထဲ ကွန်ဖြူးရှပ်စာအုပ်တွေ သေချာဖတ်ဖြစ်အောင် ဖတ်!"

လုံရှန်းက ခန်းမဆောင်ကနေ ယိုင်နဲ့နဲ့ ထွက်လာခဲ့တယ်။ ကျောင်းဖူက အတတ်နိုင်ဆုံးကြိုးစားနေပေမဲ့ မတော်တဆ လုံရှန်းကို ယိုင်နဲ့သွားစေမိတယ်။ မင်းသားရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက တစ်ဖက်ကိုယိုင်ကျသွားခဲ့တယ်။

လော့ဝေ့က အလျင်အမြန် ရှေ့ဆီလှမ်းလာကာ ကူညီဖို့ ပြင်လိုက်တယ်။

"ငါ့နားကနေ ဝေးဝေးသွားစမ်း!" လုံရှန်းက လော့ဝေ့လက်ဘှမ်းတာကို မြင်တော့လော့ဝေ့ကို ပြန်တွန်းထုတ်လိုက်တယ်။

လော့ဝေ့က သတိအဲလောက်မထားခဲ့တဲ့အတွက် လုံရှန်း တွန်းထုတ်မှုနဲ့အတူ မြေကြီးပေါ်လဲကျသွားခဲ့တယ်။

"ရိုင်းစိုင်းတာ!" ဧကရာဇ်ရှင်းဝူက လော့ဝေ့လဲကျသွားတာကိုမြင်တာနဲ့ ထိုင်ခုံကနေထပြီး လော့ဝေ့အဆင်ပြေမပြေ သွားကြည့်ကာ လုံရှန်းကို ဆူပူလေတော့တယ်။

"ကျွန်တော်မျိုး ဒီတိုင်းခြေယိုင်သွားရုံပါ၊"
လော့ဝေ့က ဧကရာဇ်ရှင်းဝူ လုံရှန်းကို အမျက်တော်ရှတော့မယ်ဆိုတာ သိတဲ့အတွက် အလျင်အမြန်ထကာ ရှင်းပြလိုက်တယ်။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now