အပိုင်း ၁၆၀ ။ မြို့တော်မှထွက်ခွာခြင်း

2.1K 378 7
                                    

[Zawgyi]

အပိုင်း ၁၆၀ ။ မြို့တော်မှထွက်ခွာခြင်း

မင်းဆရာကြီးဖုယီ ပြန်သွားပြီးနောက်ပိုင်း လော့ဝေ့အခြေအနေက အကောင်းနဲ့အဆိုးကြားမပြတ်မသားဖြစ်နေတယ်။ ရံဖန်ရံခါ မျယ်စိကျယ်လာတဲ့ လက္ခဏာရှိပြီး သမားတော်ဝေ့ကတော့ လော့ဝေ့က "အခြေအနေမကောင်း" ဆိုပြီး မပြောတော့ဘူး။
   
လုံရွှမ်း မြို့တော်ကနေ ထွက်လာပြီး ယွဲ့ကျိုးဆီ ကံဆိုးမှုတွေဆေးကြောဖို့သွားတဲ့လမ်းမှာ စစ်သူကြီးချန်တုယဲ့ရဲ့ စောင့်ကြပ်ခြင်းကို ခံခဲ့ရတယ်။
   
ထွက်ခွာတဲ့နေ့မှာ လုံရှန်းက သူ့ကို နှုတ်ဆက်ဖို့ရောက်လာခဲ့တယ်။ လုံရွှမ်းကတသီးတသန့်မှာလိုက်တယ်။
"လော့ဝေ့ တစ်ခုခုဖြစ်တာနဲ့ ငါ့ကို ပြောပြဖို့ ယွဲ့ကျိုးဆီ တစ်ယောက်ယောက်ကို လွှက်လိုက်"

"အစ်ကိုတော်၊ စိတ်အေးအေးထားပြီး ကံဆိုးမှုပဲဆေးကြောပါ၊ လော့ဝေ့မှာ စောင့်ရှောက်မဲ့လူတွေရှိတာပဲ၊ သူက အစ်ကိုတော်မရှိဘဲ ချို့တဲ့နေတာမဟုတ်ဘူး"

    "ငါပြောတာသာမှတ်ထား၊ တခြားကိစ္စမေးဖို့ မလိုဘူး"

"အစ်ကိုတော်" လုံရှန်းက လုံရွှမ်းအတွေးတွေကို လိုက်ခန့်မှန်းဖို့ တကယ်ပျင်းနေပြီ။
"လော့ဝေ့ကို ဂရုစိုက်နေတာလား၊ သူက အစ်ကိုတော့်ခံစားချက်တွေကို လက်ခံမှာမို့လို့လား၊ သူသိသွားတော့ရော အစ်ကိုတော်ကို အကြိမ်ရေနည်းနည်းပဲ ဒုက္ခပေးတော့မှာမို့လို့လား"

လုံရွှမ်းက လုံရှန်းကို တစ်ချက်ကြည့်လိုက်တယ်။
"မင်းနဲ့ က အမြဲ သူငယ်ချင်းကောင်းတွေဖြစ်ခဲ့တာပဲကို"

"အဲဒါတွေကပြီးတာကြာပါပြီ"

"လော့ဝေ့နဲ့ ငါ့ကိစ္စတွေကို ဂရုမစိုက်နဲ့၊ ငါလည်း မင်းနဲ့လော့ဝေ့ကိစ္စတွေကို ဂရုစိုက်မှာမဟုတ်ဘူး၊ မင်းသာ ဒီလူနဲ့ ရန်သူဖြစ်ရင် ပြိုင်ဘက်ဖြစ်လာနိုင်အလား မေးကြည့်ဦး"

"ဘာဆိုလိုတာလဲ၊ ကျွန်တော့်အပေါ် အထင်သေးတာလား၊ သူက သေလုနီးပါး..."

"ပါးစပ်ပိတ်ထား!"
လုံရွှမ်းအမူအရာက "သေ" ဆိုတဲ့စကားကြားတာနဲ့ ချက်ချင်းပြောင်းလဲသွားတယ်။
"အဓိပ္ပါယ်မရှိတာတွေမပြောနဲ့၊ ငါပြောသလိုပဲလုပ်"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now