အပိုင်း ၁၀၉ ။ လူပျောက်ရှာပုံတော်

3.2K 645 11
                                    

[Zawgyi]

"ရှောင်ဝေ့က အပြင် ထွက်သွားတာများလား"
ပေါ်ဟွားက ပြောလိုက်တယ်။

"ခုလက်ရှိ သူ့ကိုမြို့တော်မှာ လူဘယ်နှစ်ယောက်တောင် သတ်ချင်နေသလဲဆိုတာ မသိဘူးလား"

လော့ကျီချိုး ခန်းမထဲ လက်ကိုကျောနောက်ပစ်ကာ အကြိမ်ကြိမ်အဖန်ဖန် ခေါက်တုံ့ခေါက်ပြန် လျှောက်နှင့်ပြီးနေပြီ။
"ပြီးတော့ ရှောင်ဝေ့က ဘယ်တုန်းကမှ အသိမပေးဘဲ အပြင်မသွားဖူးဘူး!"

ပေါ်ဟွားက သူ့ကို စိတ်ငြိမ်အောင် ကြိုးစားလိုက်တယ်။
"ဇီအာက သူ့ကိုသွားရှာနေပြီပဲ၊ ထိုင်ပြီး စောင့်ပါလား"

"မင်းကဘယ်လို အမေမျိုးလဲ" လော့ကျီချိုး သူ့ဇနီးသည်အပေါ် ဒေါသထွက်မိတာ ပထမဆုံးပဲ။
"မင်း သူ့ကိုလုံးဝမစိုးရိမ်ဘူးလား!"

ပေါ်ဟွားက အစကထိတ်လန့်ကာ လော့ကျီချိုးကို စိုက်ကြည့်နေပေမဲ့ အလျင်အမြန်မျက်ရည်တွေကျလာတော့တယ်။ သူဘယ်လိုလုပ် ချွေးမတွေရှေ့ သူမကို အော်နိုင်ရတာလဲ။

ရွှီယွဲ့မြောင်လည်း အခြေအနေပြင်းထန်လာတာကိုကြည့်ပြီး အလျင်အမြန် မတ်တပ်ရပ်လိုက်တယ်။
"အမေ၊ အခန်းထဲမှာ သွားစောင့်ကြရအောင်"

ပေါ်ဟွားက ထကာ ထွက်သွားလေတယ်။

လော့ချီက ယဲ့ရှုကိုတစ်ချက်လှမ်းကြည့်ကာ ယဲ့ရှုလည်း အလျင်အမြန်လိုက်ထွက်သွားခဲ့တယ်။ လော့ကျီချိုး ခုလက်ရှိ သူ့ဇနီးခံစားချက်တွေကို မစိုးရိမ်နိုင်အားသေးဘူး။
"ငါ အရှင်မင်းကြီးနဲ့ သွားတွေ့ဖို့လိုတယ်"

လော့ချီက ရုတ်တရက် လော့ဝေ့က လျှိုရွှမ်းရှီရဲ့ အုပ်စုကိုဖြိုခွဲခဲ့တဲ့အကြောင်း တွေးမိသွားတယ်။ လက်ယာအမတ်မင်းနဲ့ မဟာမိတ်ပြုလုပ်ထားတဲ့ လူဘယ်နှစ်ယောက်လောက်ကများ လော့ဝေ့ကို သေစေချင်နေသလဲ မသိနိုင်တော့ဘူး။ ဒါကိုစဉ်းစားမိတိုင်း သူ့နှလုံးသားက အချိန်တိုင်းအေးစက်သွားပြီး အိမ်မှာငြိမ်ငြိမ်ထို်င်မနေနိုင်တော့ဘူး။
"ကျွန်တော်လည်း သူ့ကိုသွားရှာမယ်"

အိမ်တော်အစေခံခေါင်းဆောင်က တံခါးစောင့်တစ်ယောက်နဲ့အတူ ဝင်လာလေတယ်။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now