အပိုင်း ၁၄၂ ။ တစ်စုံတစ်ယောက်၏အသက်နှင့်ပေးဆပ်ခြင်း

2.3K 476 27
                                    

[Zawgyi]

အပိုင်း ၁၄၂ ။ တစ်စုံတစ်ယောက်၏အသက်နှင့်ပေးဆပ်ခြင်း

ကွင်းပြင်လွတ်ထဲ လော့ဇီဟာ သစ်သားတန်းရှည်ပေါ် ချည်ထားခံရတယ်။

လော့ဝေ့ ပြေးနေမိဆဲ။ အဝေးကနေ ပါးကွက်သားလေးယောက်ရဲ့လက်ထဲက တုတ်တွေဟာ လေထဲမြောက်ပြီး သူ့ဒုတိယအစ်ကိုရဲ့ ခန္ဓာကိုယ်ပေါ် အရှိန်ပြင်းပြင်းသက်ဆင်းသွားတာ မြင်လိုက်ရတယ်။ လော့ဝေ့ ဒယီးဒယိုင်ဖြစ်ပြီး မြေကြီးပေါ်လဲကျသွားတော့တယ်။
    
"တတိယသခင်လေး၊ တတိယသခင်လေး!" လော့ဝေ့နောက်ကနေလိုက်နေတဲ့သူတွေက မရပ်မနား အော်ခေါ်နေကြတယ်။

လော့ဝေ့ ပြန်ထရပ်ပြီး လော့ဇီဆီပြေးလာခဲ့တယ်။

"သခင်လေး" ကျောင်းဖူ သူ့နောက်က ငိုသံတွေကို ကြားလိုက်ရပြီး လော့ဝေ့ကိုလှည့်ကြည့်လိုက်ကြတယ်။ လော့ဝေ့ လော့ဇီဆီတန်းတန်းမတ်မတ်ပြေးလာတာမြင်တော့ စိုးရိမ်ပူပန်သွားပြီး သူ့ကိုယ်သူဘယ်သူဘယ်ဝါဆိုတာတောင် ဂရုမစိုက်နိုင်တော့ဘူး။ သူ လောဝေ့ကိုတားဖို့ပြေးလာပြီး လက်နှစ်ဖစ်လုံးနဲ့ လော့ဝေ့ခါးကိုလှမ်းဆွဲဖက်ထားလိုက်တယ်။
    
"လွှတ်ပေး!"
လော့ဝေ့က လွတ်အောင် ရုန်းနေတော့တာပဲ။

"သခင်လေး၊ ဒါ  အရှင်မင်းကြီး အမိန့်တော်ပါ၊ ကွပ်မျက်ခြင်းကို တားလို့မရပါဘူး!"
ကျောင်းဖူက လော့ဝေ့ကို မြဲမြဲမြံမြံဖက်ထားပြီး ပြောလိုက်တယ်။
"သခင်လေး ဒီအစေခံရဲ့ စကားတစ်ခွန်းတည်းကိုပဲ နားထောင်ပေးပါ၊ ဒီကိစ္စကို သခင်လေးထပ်ပြီး ထိန်းချုပ်လို့မရတော့ပါဘူး!"
  
"လွှတ်ပေးလို့!"
လော့ဝေ့က နေမကောင်းမှုကြောင့် အားနည်းနေတဲ့အတွက် ကျောင်းဖူလက်ထဲက မရုန်းနိုင်ဘူးဖြစ်နေတယ်။ သူ ကျောင်းဖူဘက်လှည့်ပြီး ရိုက်ဖို့လက်မြှောက်လိုက်မိတယ်။
    
"သခင်လေး!"
ကျောင်းဖူက လော့ဝေ့ ဧကရာဇ်ကို ဒီအချိန် အမျက်ရှအောင်လုပ်မိပြီး မိသားစုတစ်စုလုံး ကာကွယ်ပေးမခံရတော့မှာကို မမြင်ချင်လှဘူး။
    
"ဒီအစေခံကို ဒီနေ့သေအောင်ရိုက်လဲ ကျွန်တော်မျိုးကတော့ မလွှတ်ပေးနိုင်ပါဘူး! သခင်လေး အရှင်မင်းကြီးရဲ့ ကောင်းကင်အမိန့်တော်ကို ပုန်ကန်ဖို့ ရည်ရွယ်နေတာပါလား"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now