အပိုင်း ၁၄၅ ။ နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်ခြင်း

2.4K 480 20
                                    

[Zawgyi]

အပိုင်း ၁၄၅ ။ နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်ခြင်း

လော့ဝေ့ အင်အားမရှိတော့သလိုမျိုး ခံစားလိုက်ရတယ်။ လုံရွှမ်းလေသံထဲ လှောင်ပြောင်လိုတဲ့အရိပ်အငွေ့တစ်စက်မှ မပါပေမဲ့ သူ့စကားတွေကတော့အကြီးမားဆုံးလှောင်ပြောင်မှုကြီး ဖြစ်နေပြန်တယ်။ လော့ဝေ့ လှည့်ပြီး ပြန်ဖို့လုပ်လိုက်တယ်။ သူ အိမ်ရှေ့စံအပေါ်စိတ်အလိုမကျတာကို လုံရွှမ်းကို မမြင်စေချင်ဘူး။ အခုလက်ရှိ အိမ်ရှေ့စံက ဘယ်လောက်ရိုးအသလဲ သူဂရုမစိုက်ဘူး- သူထီးနန်း ရသရွေ့ လော့မိသားစု နောင်ရေးကလည်း ပိုပြီးကောင်းမှာပဲ။ သူ အချိန်အတိုင်းအတာတစ်ခုအထိပဲ သည်းခံရမှာ။
    
"လော့ဝေ့" လုံရွှမ်းက လော့ဝေ့ထွက်သွားတာကိုကြည့်ရင်း ရှေ့ကိုတိုးလာပြီးတော့ လော့ဝေ့ ဘယ်ဘက်လက်ကောက်ဝက်ကို လှမ်းဖမ်းဆုတ်လိုက်တယ်။
   
"အရှင့်သား ကိစ္စရှိသေးလို့လား"
လော့ဝေ့က လုံရွှမ်းလက်ကို ခါထုတ်ကာ လုံရွှမ်းဟာ ကြမ်းတမ်းခက်ထန်လှတဲ့ သားကောင်ပမာ အနောက်ကိုဆုတ်လိုက်တယ်။
   
"မင်းငါ့ကို အဲလောက်တောင် ကြောက်နေတာလား" လုံရွှမ်းက ဖိမေးပြီး လော့ဝေ့နားကပ်လာခဲ့တယ်။

"အရှင့်သားက နဂါးမျိုးရိုးပါ၊ လော့ဝေ့ကတော့ နိမ့်ကျတဲ့အစေခံတစ်ယောက်ပါပဲ၊ အစေခံက ဘယ်လိုလုပ် မကြောက်ဘဲနေနို်င်မှာပါလဲ"
လော့ဝေ့ကနောက်ကိုဆက်ဆုတ်နေတယ်။
 
လုံရွှမ်းက လက်လှမ်းပြီး လော့ဝေ့ခါးကိုဆွဲဖက်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။

လုံရွှမ်းလက်မောင်းထဲ လော့ဝေ့ အသက်ရှူမရတော့မတတ်ပဲ။ အဲတော့မှပဲ သူလုံရွှမ်းကို ကြောက်နေမိသေးကြောင်း လော့ဝေ့သိသွားခဲ့တယ်။ ဒီလူက အမြဲတမ်း သူ့ရဲ့ အိပ်မက်ဆိုးဖြစ်နေခဲ့တာ။ သူအတိတ်ကို မေ့ပစ်ချင်တယ်။ ဒီလူ့ရှေ့မှာတော့ သူအမြဲအလိုလို မှတ်မိနေရတယ်။

"မင်းမျိုးရိုးနာမည်က ဘာကြောင့် လော့ဖြစ်နေရတာလဲ"
    
"တောင်းပန်ပါတယ်၊ အရှင့်သား၊ ကျွန်တော်မျိုးက လော့မျိုးရိုးအဖြစ် မွေးဖွားလာခဲ့တာပါ.."

လုံရွှမ်းက တစ်ပတ်လှည့်လိုက်တယ်။ ခြေလှမ်းအနည်းငယ်စာ လျှောက်ပြီးတဲ့နောက် သူ လော့ဝေ့ကို ထင်းရှူးပင်စည်မှာ ဖိထားလိုက်တယ်။
"လော့ဝေ့၊ ငါပြောမယ်... ငါလိုချင်တဲ့အရာမှန်သမျှ ငါသေချာပေါက်ရအောင်ယူမှာ" 

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now