အပိုင်း ၁၅၃ ။ ရန်သူများသည်လည်း ပြုံးရွှင်ပြီးနှုတ်ဆက်ကြ

2.1K 390 5
                                    

[Zawgyi]

အပိုင်း ၁၅၃ ။ ရန်သူများသည်လည်း ပြုံးရွှင်ပြီးနှုတ်ဆက်ကြ

လော့ဝေ့က ထာဝရအလင်းရောင်ခန်းမဆောင်မှာ ညစာမစားခင်အချိန်ထိ ပြန်ခွင့်မရဘူးဖြစ်နေတယ်။

ဒီအချိန် ကျင်းယွမ်မြို့စား လီယွမ်ချန်က ဧကရာဇ်ရှင်းဝူကိုလာတွေ့ပြီး နန်းတွင်းရေးရာကိစ္စတော်တော်များများ ပြောလေတယ်။ ဒီနောက်မှာတော့ မင်းသား(၁၀) ရဲ့ အမည်ကင်ပွန်းမတပ်ရသေးတဲ့အကြောင်း စူးစမ်းဖို့သွယ်ဝိုက် ချည်းကပ်လိုက်တယ်။
   
"တစ်လတောင် မပြည့်သေးတဲ့ ကလေးအတွက်ဘာတွေအလျင်လိုနေတာလဲ" ဧကရာဇ်ရှင်းဝူက အေးစက်နေတဲ့ အမူအရာနဲ့ပြောလိုက်တယ်။
"ဘာလို့ ခမည်းတော်ဖြစ်တဲ့ ကျန်းက စိတ်မပူပင်ဘဲ မင်းတို့တွေက မစောင့်နိုင်ရတာလဲ"

မြို့စားလီလည်း အလျင်အမြန်ဒူးထောက်ချလိုက်ပြီး ထပ်မပြောရဲတော့ဘဲ ဧကရာဇ်ကို ရိုရိုကျိုးကျိုးတောင်းပန်လိုက်ရတယ်။
   
"ဧကရီက မင်းဇနီးသည် နန်းတော်ကို ခုတလော နေ့တိုင်းလာနေတယ်လို့ပြောတာကြားတယ်" ဧကရာဇ်ရှင်းဝူက အေးခဲနေတဲ့လေသံနဲ့ ပြောလိုက်တယ်။
"သူ့လိုမျိုး ဂုဏ်ဒြပ်နဲ့အမျိုးသမီးက နန်းတော်ကိုဝင်ပြီး ကြင်ယာတော်လီရဲ့ နို့ထိန်းမိခင်အဖြစ် ခစားဖို့စီစဉ်နေတာလား၊ ဒါမှမဟုတ် ဧကရီက ကြင်ယာတော်လီကို ဂရုမစိုက်မှာကို လီအိမ်တော်ကကြောက်နေတာလား"
   
လီဟောက်က ကြမ်းပြင်ပေါ်ဒူးထောက်ချပြီး သေထိုက်တဲ့ ပြစ်မှုကျူးလွန်မိကြောင်း တောင်းပန်လိုက်တယ်။

လီဟောက်က သူ့အပြစ်ကိုဝန်ခံပြီးပေမဲ့ ဧကရာဇ်ကတော့ အလွှတ်မပေးသေးဘူး။
"မင်းအမှားကိုသိရင် ပြောင်းလဲချေ၊ ကျန်းထပ်ပြောရအောင် မလုပ်နဲ့! ကျန်း မင်းရဲ့ ကြိတ်ပုန်းခုတ်တာတွေနဲ့ အတွေးတွေကိုသတိမထားမိဘူးမထင်နဲ့!"
   
လော့ဝေ့ သူ နောက်ဆုံးတစ်ကြိမ် ဇာမဏီကျက်သရေခန်းမဆောင်ကို ရောက်ပြီး ကြင်ယာတော်လီ ဆူပူတာခံရတည်းက ဧကရာဇ်ရှင်းဝူဟာ ကြင်ယာတော်လီကို ထပ်သွားမတွေ့တော့ဘူးဆိုတာ မသိလိုက်ဘူး။ သူက မင်းသား(၁၀)ကို နာမည်တောင် မချီးမြှင့်ရသေးဘူး။ အစတုန်းက မင်းသား(၁၀) ဖွားမြင်လာတုန်းက ဧကရာဇ်ရှင်းဝူဟာ အပျော်လွန်နေခဲ့တာ။ မငသား(၁၀)မျက်နှာသာပေးခံရမယ်လို့ ယူဆခဲ့ကြတဲ့သူအားလုံး အားရနေကြပေမဲ့ မင်းသားလေးကိုတော့ သနားနေကြတယ်။ နန်းတွင်းအပျိုတော်တစ်ယောက်က မွေးတဲ့ မင်းသား(၄) လုံယွဲ့တောင် မွေးပြီးတစ်ရက်အကြာမှာတင် နာမည်ရခဲ့တယ်။ အခု ဒီမင်းသား(၁၀) က တကယ်တမ်းတော့ မင်းသား(၄) လောက်တောင် အခြေအနေမကောင်းဘူးပဲ။ ကြင်ယာတော်လီ ခမျာ လုံးဝ လေးစားခံရမှုလျော့ကျသွားခဲ့တယ်။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now