အပိုင်း ၉၀ ။ လေပြည်တစ်ဖန်ပြောင်းလဲ

3.9K 903 59
                                    

[Zawgyi]

မြောက်ပိုင်းယန်က ပြန်ဆုတ်သွားပြီး  ယွမ်ကွမ်းက ကြီးမားတဲ့အောင်မြင်မှုကြီး ရရှိခဲ့လေတယ်။

အောင်ပွဲရသတင်းဟာ မြို့တော်ဆီ ရောက်လာချိန်မှာတော့ နန်းတော်ရုံးက  ဝင့်ကြွားစွာ ဝမ်းမြောက်ကုန်ကြတယ်။

ဧကရာဇ်ရှင်းဝူက စစ်ပွဲထဲ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်ခဲ့တဲ့ သူတွေကို အတော်အတန်ကြီးမားတဲ့ ထောမနာပြုခြင်းတွေ အပ်နှင်းခဲ့တယ်။ သူတို့ထဲ လျှိုဝူရှန်းက ထူးထူးကဲကဲအောင်မြင်တဲ့ လူစုထဲကတစ်ယောက်အဖြစ် ထူးထူးခြားခြား ရွေးချယ်ခံရလေတယ်။

လျှိုဝူရှန်း စိတ်ရှုပ်ထွေးသွားပြီး သတင်းကိုဘယ်လိုတုံ့ပြန်ရမလဲမသိတော့ဘူး။ သူကဘယ်လိုလုပ် အရှင်မင်းကြီးရဲ့ အရည်အချင်းရှိဆုံး အမတ်တွေထဲက တစ်ယောက်ဖြစ်လာတာလဲ။ သူနဲ့အတူ လုံရွှမ်းရောလျှိုရွှမ်းရှီပါ ဒီအခြေအနေကြောင့် စိတ်လှုပ်ရီားနေကြပေမဲ့ ဧကရာဇ်ရှင်းဝူ ဘာကိုဆိုလိုသလဲဆိုတာကို မခန့်မှန်းနိုင်ကြတော့ဘူး။

လော့ဝေ့က မြို့တော်ပြန်ရောက်လာချိန် ထာဝရအလင်းရောင် ခန်းမဆောင်မှာ စတင်နေထိုင်ခဲ့တယ်။

လော့ဝေ့ရဲ့ ဒဏ်ရာရနေတဲ့ လက်ချောင်းကိုမြင်ရတာက ဧကရာဇ်ရှင်းဝူကို ရင်ထဲကိုက်ခဲစေတယ်။
"နာနေသေးလား"

"ဒဏ်ရာက သက်သာသွားပါပြီ"
လော့ဝေ့က ပြန်ပြုံးပြလိုက်တယ်။
"လုံးဝမနာတော့ပါဘူး"

ဧကရာဇ်ရှင်းဝူ သက်ပြင်းချလိုက်လေရဲ့။
"ဝေ့အာ၊ မင်းကျန်းကို အပြစ်တင်လား"

"ကျွန်တော်မျိုး အပြစ်မတင်ရဲပါဘူး၊ လျှိုမိသားစုအပေါ် အကွက်မရွှေ့ခဲ့တာက အရှင်မင်းကြီးမှာ အကြောင်းရင်းတစ်ခု သေချာပေါက်ရှိလို့နေမှာပါ"

ဧကရာဇ်ရှင်းဝူ လော့ဝေ့ခေါင်းလေးကို ပုတ်ပေးလိုက်တယ်။
"သူတို့ကို ဘယ်လောက်ထိလုပ်ခွင့်ပေးမလဲဆိုတာလည်း အကန့်အသတ်တော့ ရှိတယ်"

လော့ဝေ့က ဧကရာဇ်ရှင်းဝူကို မျှော်လင့်ချက်တစ်ချို့နဲ့ ကြည့်လိုက်တယ်။
"အရှင်မင်းကြီး.."

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now