အပိုင်း ၁၁၇ ။ အေးစက်သောဆောင်းရာသီဇီးပွင့်

3.6K 677 55
                                    

[Zawgyi]

ဝေ့လန်က  လော့ဝေ့ ပင်ပန်းမှာကို စိုးရိမ်တဲ့အတွက် အနားယူစေချင်ပေမဲ့ လော့ဝေ့အိပ်မောကျပြီး တစ်ဖန်ပြန်လည်မနိုးလာမှာကိုလည်း အင်မတန်ကြောက်ရွံ့မိတယ်။ လော့မိသားစု လာလည်တဲ့အချိန်ကလွဲရင် ဝေ့လန်က အခန်းထဲပဲနေပြီး လော့ဝေ့ကို စောင့်ကြပ်ပေးကာ ခြေတစ်လှမ်းတောင် မခွာလေဘူး။

လော့ဝေ့က ဝေ့လန်အတွက်ကူလျှို့ပုံကိုဆွဲပေးလိုက်ပြီး ဒီလူ့ကိုသတ်ခဲ့မသတ်ခဲ့ မေးလိုက်တယ်။

ဝေ့လန်က ပုံတူပန်းချီကားကို ဂရုတစိုက်ကြည့်ပြီးနောက် သူ တစ်ခါမှဒီလူ့ကိုမမြင်ဖူးတဲ့အတွက် ခေါင်းယမ်းပြလိုက်တယ်။

လော့ဝေ့ ဝေ့လန်မှတ်ဥာဏ်ကိုယုံတဲ့အတွက် ကူလျှို့မသေဘူးဆိုတာ ယုံကြည်ခဲ့တယ်။

နောက်တစ်နေ့မှာပဲ ကူလျှို့ပုံတူဟာ ချီလင်းစံအိမ်တော်ဆီ ရောက်လာခဲ့တယ်။  ဒီနောက်မှာတော့ ကူလျှို့ဆိုတဲ့လူနောက်လိုက်ဖို့ ချီလင်းစံအိမ်တော်ကနေ လူသတ်အမိန့်ထွက်လာခဲ့တော့တယ်။

လော့ဝေ့ ဖြည်းဖြည်းချင်းသက်သာလာပြီး နောက်ဆုံးတော့ ပြန်စားသောက်နိုင်ပြီ။ အရမ်းကြီးအဆီများပြီး အီစိမ့်တာတွေစားရတာတော့ မကြိုက်သေးတုန်းပဲ။

ဧကရာဇ်ရှင်းဝူက လော့ဝေ့ကို နေ့တိုင်းစစ်ဆေးပေးဖို့လူလွှတ်ပေးပြီး အားဆေးတွေနဲ့ ကျန်းမာရေးဆေးပစ္စည်းတွေ အများကြီးပေးပို့လေတယ်။ လိုက်နာစောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်တွေအရ မသင့်တော်တာသာ မဟုတ်ရင် သူ လော့ဝေ့ကို နန်းတော်နံရံထဲမှာပဲ ပြန်လည်သက်သာစေချင်တယ်။ အဲလိုသာဆို သူ အကြွေးအများကြီးတင်နေတဲ့ ဒီသားအပေါ် ပိုပြီး အာရုံစိုက်နိုင်မှာပဲ။

လော့ကျီချိုး၊ ပေါ်ဟွား၊ လော့ဇီ၊ ရွှီယွဲ့မြောင်နဲ့ သူ့သုံးနှစ်သားတူလေးကတောင် လော့ဝေ့ ဆန္ဒနဲ့တောင်းဆိုမှုသမျှကိုနားထောင်ပြီး သူ့ကိုနည်းနည်းလေးစိတ်ငြိုငြင်အောင် လုပ်မိမှာကိုတောင် ကြောက်နေကြတယ်။

လော့ဝေ့ သူရရှိသမျှ ဂရုစိုက်မှုတိုင်းကို အပြုံးနဲ့တုံ့ပြန်ခဲ့တယ်။ သူ့မိသားစုကို သူ့အတွက်မစိုးရိမ်စေချင်ဘူး။ ဒီဘဝမှာ သူတို့ကိုစောင့်ရှောက်ဖို့ စိတ်ရောကိုယ်ပါမြှုပ်နှံခဲ့ပေမဲ့ နှလုံးသားကတော့ အေးစက်နေခဲ့တုန်းပဲ။ သူ နှင်းတွေကို ကြောက်ရွံ့စပြုလာတယ်။ အရင်ဘဝပဲဖြစ်ဖြစ် ဒီဘဝပဲဖြစ်ဖြစ် နှင်းတွေဟာ သူ့အိပ်မက်ဆိုးအကုန်လုံးရဲ့ နောက်ကွယ်ကန့်လန့်ကာဖြစ်နေခဲ့လေရဲ့။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now