အပိုင်း ၅၆ ။မြို့တော်စစ်စခန်း၏ စစ်သူကြီး

6.6K 1.2K 42
                                    

[Zawgyi]
"တကယ်လို့သခင်လေးတစ်ခုခုလိုတယ်ဆိုရင် ကျွန်တော်မျိုးကို သာပြောလိုက်ပါ" ကျောင်းဖူကထပ်မစောင့်နိုင်တော့။ လော့ဝေ့မှာ သူ့ကိုတောင်းဆိုရခက်တာတစ်ခုခုရှိနေမှန်းသိ၍ တိုက်ရိုက်မေးလိုက်သည်။
"ဒီနိမ့်ကျတဲ့အစေခံက သခင်လေးလိုချင်တာမှန်သမျှ ဖြည့်ဆညိးဆောင်ရွက်ပေးဖို့ဆန္ဒရှိပါတယ်"

လော့ဝေ့ နှုတ်ခမ်းထောင့်များမှာ ကော့တက်သွားကာ ကျောက်စိမ်းလက်စွပ်တစ်ကွင်းကိုထုတ်ပေးလိုက်သည်။
"ကျွန်တော်စဉ်းစားနေတာပါ ကျောင်းကုန်းကုန်း ဒါကို ကျွန်တော် မြို့တော်ပြန်လာတဲ့လမ်းမှာဝယ်ခဲ့တာ ကျောင်းကုန်းကုန်းကိုပေးချင်ပေမဲ့ကြိုက်မကြိုက်မသိလို့"

ကျောင်းဖူမျက်နှာကပြုံးရွှင်တောက်ပသွားတယ်။
"သခင်လေး! ကျွန်တော်မျိုးဘယ်လိုလုပ်...အိုး!" သူကလက်နှစ်ဖက်လုံးနှင့် လက်ဆောင်ကိုယူလိုက်သည်။
"သခင်လေးသဘောကျတာမှန်သမျှ ဒီအစေခံက နှစ်သက်ပါတယ်" ကျောင်းဖူက ကျောက်စိမ်းတွေပတ္တမြားတွေကိုသဘောကျတယ်။လော့ဝေ့ဆီကလက်စွပ်က အဆင့်တန်းမြင့် ကျောက်စိမ်းကနေလုပ်ထားတာဖြစ်လို့ဈေးမပေါပေ။ကျောင်းဖူ လော့ဝေ့ကိုထပ်တလဲလဲကျေးဇူးတင်နေတယ်။
.
လော့ဝေ့ကကျောင်းဖူနဲ့စကားအနည်းငယ်ဆက်ပြောပြီးအဆုံးမှာတော့ နဉ်ဖေးမိသားစုနဲ့ဆိုင်တဲ့အကြောင်းကိုမပြောဖို့ဆုံးဖြတ်လိုက်တယ်။ ကျန့်မိသားစုကနေသူခေါ်လာခဲ့တဲ့ ကလေးက မနေ့ညကမှနန်းတွင်းစရောက်ကာစဖြစ်ပေမဲ့ ကျောင်းဖူရဲ့ ကောလဟာလတွေအရ သင်းကွပ်ဖို့နန်းတော်အမိန့်ထုတ်ထားတာကြားလို်က်ရတယ်။ လော့ဝေ့ စိတ်ထဲ မကောင်းဖြစ်ကာ ဒါကပဲ နဉ်ဖေးမိသားစုအပေါ် ညှာတာဖို့ဖြစ်သွားစေတာလားမသိတော့ဘူး။
 
ကျောင်းဖူပြန်သွားချိန် မျက်နှာမှာအပြုံးတွေနဲ့။

ဧကရာဇ်နေ့လည်ခင်းအနားယူနေတုန်း လော့ဝေ့ကအခွင့်ကောင်းယူပြီး သူ့အကိုလော့ဇီကိုရှာဖို့မြို့တော်စစ်သူကြီးရဲ့စစ်စခန်းကိုထွက်လာခဲ့တယ်။ လူကောင်းအချို့ကိုမင်ကျန်းစံအိမ်တော်ဆီပို့ခိုင်းပြီး နဉ်ဖေးမိသားစုကိုမြို့တော်ဆီလုံလုံခြုံခြုံရောက်စေချင်လို့ပဲ။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now