အပိုင်း ၂၁ ။ လောကကြီးက မတရားပေ

13.2K 2.2K 39
                                    

[Zawgyi]
လော့ဝေ့က ရှဲ့ယွီအတွက် အနင်းခံသဖွယ်ဖြစ်လာမှာကိုအာရုံမထားဘူး။ သူတို့နှစ်ယောက်ဆက်ဆံရေးကြား ရှဲ့ယွီရဲ့ရည်ရွယ်ချက်တွေကိုမမြင်နိုင်တာမဟုတ်ဘူး။
ဒါပေမဲ့ သူသိတာက တစ်နေ့မှာ ရှဲ့ယွီက အိမ်ရှေ့စံနဲ့ မင်းသား၂တို့ရဲ့ပြိုင်ပွဲကြား အဆုံးအဖြတ်ဖြစ်လာမဲ့ အာဏာရှိဆုံးလူတွေထဲကတစ်ယောက်ဖြစ်လာမှာ။

သူတို့တွေကနှလုံးသားထဲမှာ လျှို့ဝှက်ထားတဲ့ရည်ရွယ်ချက်တွေသိမ်းထားကြတယ်။ လော့ဝေ့နဲ့ရှဲ့ယွီနှစ်ယောက်လုံးသိတာက သူတို့တွေသူငယ်ချင်းဖြစ်လာနိုင်တယ် ဘာကြောင့်လဲဆိုတော့ ဒါဟာ နှစ်ဖက်စလုံးအကျိုးရှိတဲ့ဆက်ဆံရေးပဲ။ ပြီးတော့ အရေးအကြီးဆုံးအချက်က သူတို့တွေ စကားကောင်းကောင်းပြောဆိုလို့ရနိုင်တယ်။ ဒီဥာဏ်ပြေးတဲ့ လူနှစ်ယောက်ကြား သက်တောင့်သက်သာရှိပြီး
ပျော်စရာကောင်းတဲ့စားသောက်ပွဲကြီးကြောင့် ရီမောမပျက် စကားတပြောပြောနဲ့ ပေါ့။

လော့ဝေ့က ဧကရာဇ်ရဲ့ တပည့်ဖြစ်လာပြီး သူ့နောက်အမြဲ အဖော်ပြုပေးရတယ်။ ရှဲ့ယွီကလည်း လက်ဝဲဥပဒေအမတ်မင်းရဲ့ကျောင်းသားဖြစ်လာပြီးအနီးကပ်သင်ယူလေ့လာကြတယ်။ တစ်နေ့တည်းမှာပဲ နန်းတွင်းစာကြည့်ဆောင်ကလူနှစ်ယောက်ဆုံးရှုံးသွားခဲ့တယ်။ နောက်တစ်နေ့မှာ လက်ယာ ဥပဒေအမတ် လျှိုရွှမ်းရှီက လုံရွှမ်းကိုတွေ့ဖို့ရောက်လာတယ်။သူက လုံရွှမ်းရဲ့စာကြည့်ဆောင်မှာ အပိုင်းပိုင်းအစစဖြစ်နေတဲ့ လက်ဖက်ရည်အသုံးအဆောင်ပစ္စည်းတွေကွဲကြေနေတာတွေ့လိုက်ရတယ်။

"အရှင်မင်းသား..." လျှိုရွှမ်းရှီ ပထမဆုံးလုပ်ဖို့လိုတာက လုံရွှမ်းရဲ့စိတ်အခြေအနေကို ငြိမ်အောင်လုပ်ဖို့ပဲ။
"ရှဲ့ယွီ ကိုလော့ဝေ့သိမ်းသွင်းသွားလောက်မယ်လို့
ဘယ်သူမှမခန့်မှန်းမိခဲ့ဘူး"

"လော့ဝေ့ပဲ" လုံရွှမ်းကပြောလိုက်တယ်။
"မနေ့က ရှဲ့ယွီကို အိမ်တော်ဆီခေါ်သွားတာသူပဲ"

"ရှဲ့ယွီက စာပေမှာပါရမီအတော်လေးပါတာမှန်တယ်..." လျှိုရွှမ်းရှီကပြောလိုက်တယ် ။
"ဒါပေမဲ့ အရှင်မင်းသားသူ့လိုလူကိုဆုံးရှုံးလိုက်ရလို့ ဘာအန္တရာယ်မှမရှိပါဘူး"
လျိုရွှမ်းရှီ ရှဲ့ယွီက လော့ကျီချိုးကျောင်းသားဖြစ်လာတာတာက လုံရွှမ်းရဲ့ဒေါသအရင်းခံဆိုတာသိတယ်။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now