[Zawgyi]
လျှိုဝူရှန်းက စီမာ့ညီအကိုနှစ်ယောက်ပြန်သွားတဲ့အထိ စောင့်ပြီးနောက် လော့ဝေ့ကိုစကားပြောလိုက်တယ်။
"ဘာလို့ တပ်မှူးက ငြိမ်းချမ်းရေးဆွေးနွေးပွဲလိုချင်ရတာလဲ။ ဒါက မြောက်ပိုင်းယန်စစ်သားတွေအကုန်လုံးကို သုတ်သင်နိုင်မဲ့ အခွင့်အရေးလေ!""လျှိုရှုန်း(အစ်ကို)က တကယ်အဲလိုထင်တာလား။ နှင်းတွေက လမ်းတွေကိုပိတ်ထားတာနဲ့တင် ကျွန်တော်တို့ မြောက်ပိုင်းယန်ရဲ့ စစ်တပ်ကိုဝိုင်းပြီး ချောင်ပိတ်ထားရင်တောင် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ရိက္ခာကိုဖြတ်တောက်သလိုဖြစ်သွားမယ်။ ဒါဆို ကျွန်တော်တို့ဘယ်လို အသက်ဆက်ကြမလဲ။ဝူတောင်တန်းရဲ့ တောင်ဘက်ချိုင့်ဝှမ်းက မတ်စောက်တယ်။ ခုခံရလွယ်ကူပေမဲ့ တိုက်ဖို့ရာ ခဲယဉ်းတယ်။ ကျွန်တော်တို့ နိုင်မယ်ဆိုတာ သေချာရဲ့လား။
လော့ဝေ့က ဒီမှာရပ်သွားပြီး ရုတ်တရက်ပြုံးဖြီးဖြီးလုပ်လိုက်တယ်။
"ကြည့်ရတာ လျှိုရှုန်းက ကျွန်တော့်ကိုနောက်နေတာပဲဖြစ်မယ်။ တိုက်ပွဲထဲပါရတဲ့ ပထမဆုံးအကြိမ်က ဘယ်လိုမျိုးလဲဆိုတာ မြင်ချင်တာမလား။ မဟုတ်ရင် လျှိုရှုန်းက နှစ်တွေအကြာကြီး စစ်သူကြီးအဖြစ် စစ်မှုထမ်းလာပြီးတော့ ကျွန်တော်တို့လှုပ်ရှားမှုရဲ့ နောက်ကွယ်က အခြေခံအကြောင်းကို ဘယ်လိုလုပ် နားမလည်ဘဲနေမှာလဲ။"လျှိုဝူရှန်းက ပြန်ပြီး ပြုံးပြလိုက်တယ်။ လော့ဝေ့ရဲ့ကိုယ်နှုတိအမူအရာက ရိုးသားမှုနဲ့ မုသားကြား မပြတ်မသားဖြစ်နေတယ်။ တစ်စုံတစ်ယောက်နားလည်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ လျှိုဝူရှန်းက သူ့ဓားကို အဲလည်ပင်းဆီဆွဲချသွားပြီးသာ လော့ဝေ့ကို တစ်ခါတည်းအဆုံးသတ်လိုက်ချင်တော့တယ်။ဒါပေမဲ့လည်းလုပ်လို့မရဘူးဆိုတာ သူသိတယ်။
လော့ဝေ့က ရေနွေးကြမ်းခွက်ကိုတွန်းပြီး မတ်တပ်ရပ်လိုက်တယ်။
"ပြန်ပြီးတော့ အစီအရင်ခံကြရအောင်။"အုပ်စုက စခန်းစီပြန်လာခဲ့တယ်။ လော့ဝေ့က လျှိုဝူရှန်းကို တပ်ပြောလိုက်တယ်။
"အရင်ဆုံး တပ်မှူးနဲ့သွားတွေ့လိုက်ပါ လျှိုရှုန်း၊ ကျွန်တော့်အင်္ကျီတွေနှင်းဖုံးပြီး စိုနေပြီ။ အရင်သွားလဲလိုက်ဦးမယ်။"
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果