အပိုင်း ၁၁ ။ မရီးအားပထမဆုံးအကြိမ်ခေါ်ခြင်း

14.6K 2.2K 91
                                    

[Zawgyi]

လော့ဝေ့အိမ်ပြန်ရောက်ချိန်မှာတော့ သူ့အမေပေါ်ဟွားကို ဂါဝရပြုပြီးကိုယ့်အဆောင်ကိုကိုယ်ပြန်ရင်း စာကြည့်ခန်းထဲတစ်နေ့လုံးနေခဲ့တယ်
အရင်ဘဝတုန်းက လော့ဝေ့က စာလုပ်ဖို့ခေါင်းထဲမထည့်ခဲ့ဘူး
ဒါကြောင့်သူကစာမတတ်ပေမတတ် သူဌေးသားလေးဖြစ်ခဲ့တယ်
ဒါပေမဲ့ သူ ယောက်ျားလေးပြည့်တန်ဆာဖြစ်ပြီးနောက်ပိုင်း အနုပညာ ၄မျိုးကို  သင်ယူခဲ့တယ် ပြီးတော့ အင်မတန်လှပတဲ့စုတ်ချက်တွေတောင်ဆွဲနိုင်ခဲ့တယ် ဒါက နည်းနည်းတော့ရီရကောင်းရီနိုင်ပေမဲ့နောက်ကွယ်မှာ အကြောင်းတွေရှိသေးတယ် အမျိုးသားပြည့်တန်ဆာတွေက သူတို့ရဲ့ခန္ဓာကိုယ်နဲ့ ဖောက်သည်တွေစိတ်ကျေနပ်အောင်လုပ်ပေးရသလို ဖောက်သည်တွေဆီမှာ မျက်နှာကောင်းရဖို့အတွက်လည်း တခြားအရည်အချင်းတွေရှိဖို့လိုတယ် ဒါကြောင့် လော့ဝေ့ အသက်ဆက်ရှင်ဖို့အတွက် ဒီအရည်အချင်းတွေအရမ်းလိုအပ်ခဲ့တယ်
ဖောက်သည်တွေဆီက မျက်နှာသာရအောင် ပိုပြီးကြိုးစားခဲ့တယ် သူတို့ပျော်ရင် အနည်းဆုံးတော့ သူ နာကျင်တာသက်သာမှာပဲလို့မျှော်လင့်ခဲ့လို့ပဲဖြစ်တယ်
တခြားသူတွေက ကံကောင်းမှုနဲ့ နာမည်ကြီးဖို့အတွက် စာလေ့လာကြတယ် သူကတော့ရှင်သန်ဖို့အတွက်ပေါ့။

သင်ယူလေ့လာရတဲ့အကြောင်းတရားတွေကကွဲပြားလှပြီး သူ့ရဲ့အကြောင်းတရားကပိုပြီးရက်စက်တာဖြစ်တဲ့အတွက် အတင်းအားထုတ်ပြီးဖိအားပေးသင်ယူခဲ့တယ်

"သခင်လေး" ရှောင်ရှောင်က စာကြည့်ခန်းထဲဝင်လာတယ် သူ လော့ဝေ့ကိုမကြောက်တော့ဘူး ဒဏ်ရာပြန်ကောင်းလာချိန်ကစပြီး လော့ဝေ့ကတစ်ခါလေးမှတောင် အသံကိုမြှင့်မပြောဖူးဘူး
"ညစာစားပါတော့မလား " ရှောင်ရှောင်က စားပွဲရှေ့ရပ်လိုက်တယ် လော့ဝေ့ စိတ်နှစ်ပြီးဖတ်နေတဲ့စာအုပ်ကိုငေးကြည့်လိုက်မိတယ်
အံ့သြဖို့ကောင်းစွာ အဲစာအုပ်က"လောကအုပ်စိုးရေးအယုအဆ"ဆိုတဲ့စာအုပ်ရဲ့ မူပွားတစ်အုပ်ပဲ

လော့ဝေ့ကစာအုပ်ကိုချပြီးအပြင်ကိုကြည့်လိုက်တယ်
ကောင်းကင်ကမည်းနက်စပြုနေပြီ
"အင်း...စားကြတာပေါ့"

ရှောင်ရှောင်ကအပြင်ကိုပြေးထွက်ပြီး သိပ်မကြာခင်ပဲ  ချီဇီ့ကိုခေါ်ပြီးပြန်လာတယ်  နှစ်ယောက်လုံး အမြန်စားသောက်စရာတွေကိုစားပွဲပေါ်တည်ခင်းလိုက်ကြတယ်

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now