အပိုင်း ၁၇၄ ။ နှင်းနက်နှင့်ပတ်သတ်၍ နန်းတော်တွင်ဆွေးနွေးခြင်း

1.6K 251 2
                                    

[Zawgyi]

အပိုင်း ၁၇၄ ။ နှင်းနက်နှင့်ပတ်သတ်၍ နန်းတော်တွင်ဆွေးနွေးခြင်း

လော့ဝေ့က ပေါ်ကျင်းကျုံးကိစ္စကိုထပ်ပြီး ခေါင်းထဲမထည့်တော့ဘူး။ ပေါ်မိသားစုက ဘယ်လိုလုပ်ရမလဲဆုံးဖြတ်နိုင်တာပဲ။ ပေါ်မိသားစုထဲ အပါးနပ်ဆုံးက တတိယမြောက်သားသခင်ပဲ။ ဒီပေါ်ကျင်းကျုံးက ခေါင်းကိုက်ခံဖို့မတန်ဘူး။ လှည်းထဲ ဝေ့လန်ကမ်းပေးလာတဲ့ ဆေးရည်ကိုသောက်ကာထိုင်ရင်း လော့ဝေ့က ဝေ့လန်ကိုမေးလိုက်တယ်။
"လန်၊ မင်း နှင်းနက်မြို့ကိုကြားဖူးလား"

"ကျွန်တော် ဒုတိယသခင်လေးဆီက ကြားဖူးပါတယ်"

"ငါ့ အာ့ကောက ဘာပြောတာလဲ"

ဝေ့လန်က လော့ဇီစကားလုံးများကိုပြန်စဉ်းစားပြီး လော့ဝေ့ကိုပြော​ပြလိုက်တယ်။
"ဒုတိယသခင်လေးပြောတာကတော့ အဲဒီနှင်းနက်မြို့က မြောက်ပိုင်းယန်နဲ့တာ့ကျောင်းကြား ဗျူဟာကျတဲ့ အဝင်အထွက်လမ်းတဲ့၊ အရင်က တာ့ကျောင်းရဲ့ မြို့ဖြစ်ခဲ့ပေမဲ့ မြောက်ပိုင်းယန်ရဲ့လုယက်ခြင်းခံလိုက်ရတယ်"

"အင်း သူပြောတာမှန်တယ်၊ အဲလိုမျိုးပဲ"

"ဒုတိယသခင်လေးပြောတာကတော့ သူ ဒီဘဝမှာ နှင်းနက်မြို့ကိုပြန်ရယူနိုင်ရင် သူ့ဘဝကြီး တန်သွားပြီတဲ့"

လော့ဝေ့က မျက်ခုံးပင့်လိုက်တယ်။
"သူက နှင်းနက်မြို့ကို တိုက်ခိုက်ချင်တာလား"

"ဒုတိယသခင်လေးပြောတာကတော့ နှင်းနက်မြို့ရဲ့ ကျုံးကနက်လွန်းတယ်၊ မြို့ရိုးတွေက မြင့်လွန်းတယ်၊ ပြီးတော့ မြို့ဝင်ပေါက်က သံမဏိနဲ့ဆောက်ထားတာ၊ ခုခံဖို့လွယ်ပေမဲ့ တိုက်ခိုက်ရခက်တယ်၊ ကျွန်တော်တို့တာ့ကျောင်းက နှင်းနက်မြို့ကို သိမ်းပိုက်ဖို့ မစွမ်းဆောင်နိုင်သေးဘူးတဲ့"

"ပြောတာကောင်းတယ်"
လော့ဝေ့က သူနဲ့စီမာ့ချင်းရှ အဆက်အသွယ်ရှိခဲ့ဖူးတာ ဧကရာဇ်ရှင်းဝူမသိအောင်လုပ်ရင်း ဧကရာဇ်ကိုစီမာ့ချင်းရှယုံကြည်မှုရနိုင်ကြောင်းဘယ်လိုစည်းရုံးရမလဲ ချင့်ချိန်နေတယ်။ သူက ဝေ့လန်ကို ထပ်မေးလိုက်တယ်။
"လန်ရောစစ်မြေပြင်ကိုစိတ်ဝင်စားလား"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now