[Zawgyi]
အပိုင်း ၁၆၇ ။ ပေါ်မိသားစုသခင်မလေး
နဉ်ဖေး ဒီနေ့သူအိမ်ကထွက်မလာသင့်ဘူးလို့ ခံစားမိသွားတယ်။ သူ လော့ဝေ့ကိုတွေ့ချင်တဲ့အချိန် မြို့တော်မှာရှိနေသရွေ့ သာမန်ဘယ်နေ့မှာမဆိုတွေ့နိုင်တယ်။ နဉ်ဖေး ဘာကြောင့် သူ့အမေစကားနားထောင်ပြီး သူတို့မိသားစုညစာစားပြီးတာနဲ့ လော့ဝေ့ဆီလာရှာမိခဲ့လည်းနားမလည်နိုင်တော့ဘူး။
"စစ်သူကြီးနဉ်၊ ဒါဆို ကျွန်မ ယဉ်ကျေးမနေတော့ဘူး!"
ပေါ်ဝေးက ကျန်းဟူရဲ့ ထုံးတမ်းစဉ်လာတွေအကြောင်း အတော်လေးကျွမ်းဝင်နေတယ်။ သူမက စကားပြောရင်း နဉ်ဖေးကို လက်သီးတစ်ဖက်ပေါ်တစ်ဖက်အုပ်ကာ ပြောလိုက်တယ်။နဉ်ဖေးက ဝရန်တာက မီးဖိုရှေ့ ထိုင်နေတဲ့ လော့ဝေ့ကို လှမ်းကြည့်လိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ အဲဒီလူရဲ့မျက်နှာပေါ်က အပြုံးဟာ တော်တော်လေးမုန်းစရာကောင်းနေတယ်။ လော့ဝေ့သာမဟုတ် ချီဇိကလည်း အခွံမာသီးတွေစားရင်း စိတ်လှုပ်ရှားစွာကြည့်နေလေတယ်။ ရှောင်ရှောင်နဲ့တခြားသူတွေအကုန်လုံးက နဉ်ဖေးရင်ထဲက စိတ်ရှုပ်ထွေးပူပန်မှုကို ရန်စနေသလိုပဲ။ ဝေ့လန်တစ်ယောက်တည်းသာ အနည်းငယ်စိုးရိမ်နေပုံပဲ။ ဒါပေမဲ့ရှောင်ရှောင်ပေးတဲ့ အခွံမာသီးတွေကို စားနေဖို့လိုလို့လား။ နဉ်ဖေး ရင်ထဲကနေ အော်ဟစ်လိုက်မိတယ်။
"သတိထားဦး အာ့!" ပေါ်ဝေးက သူမဓားရှည်နဲ့ပိုင်းချလိုက်တယ်။
နဉ်ဖေးက တစ်ကွက်သာလှုပ်ကာ ရှောင်တိမ်းလိုက်တယ်။ ဒီလျှို့ရှောင်ကျဲနဲ့ ဓားရေးခြင်းယှဉ်ရတာမျိုးက သူ့အတွက် အနည်းငယ်စိတ်ရှုပ်စရာပဲ!
"သူမသိုင်းပညာကဘယ်လိုလဲ" လော့ဝေ့က တစ်အောင့်ကြည့်ရင်း ဝေ့လန်ကိုလှည့်မေးလိုက်တယ်။
"လျှိုပြောင်မေ့က ကနေတာလား သိုင်းပညာသုံးနေတာလား"
ရွှီယွဲ့မြောင်က အမှန်တကယ် ဝေ့လန်ကိုဒီမေးခွန်းထုတ်မေးလာတယ်။ဝေ့လန်က ယဉ်ယဉ်ကျေးကျေးပဲ တိုက်ရိုက်ရှင်းပြလိုက်တယ်။
"စစ်သူကြီးနဉ်က လျှို့ရှောင်ကျဲအပေါ် သက်ညှာပေးနေတာပါ"
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果