အပိုင်း ၁၄ ။ ကျွန်တစ်ယောက်၏ ဝမ်းနည်းကြေကွဲမှု

13.6K 2K 16
                                    

[Zawgyi]

လော့ကျုံး ရုတ်တရက်မျက်လုံးဖွင့်ပြီး လော့ဝေ့ကိုစိုက်ကြည့်လိုက်တယ် သခင်ကိုရောင်းစားတဲ့အကြောင်းရင်းကမှန်ပေမဲ့ ဒီလိုလူတိုင်းရဲ့ရှေ့ပြောင်ပြောင်တင်းတင်းပြောမယ်လို့တော့မထင်မိခဲ့ဘူး

လော့ဝေ့ကလော့ကျုံးကိုပြန်စိုက်ကြည့်လိုက်တယ်
"အမှန်အတိုင်းပြောရရင် ဦးလေးကျုံး ခင်ဗျားမှားနေတာ ခင်ဗျားကအကျိုးအမြတ်အတွက် ခင်ဗျားသခင်ကိုတော်ရောင်းစားတဲ့သူမျိုး
ခင်ဗျား ရောင်းပေးတဲ့လူကရောအနာဂတ်မှာ ခင်ဗျားသူ့ကိုရောင်းမစားဘူးလို့ယုံမယ်ထင်နေလား
ခင်ဗျားကယုံကြည်ဖို့မထိုက်တန်တော့ဘူးလေ ဘယ်လိုလုပ်ချမ်းသာဖို့မျှော်လင့်နေသေးတာလဲ"

အမှန်တိုင်းပြောရရင်တော့ အရင်ဘဝတုန်းက လုံရွှမ်းက လော့ကျုံးကို မနှိပ်စက်ခဲ့ပါဘူး လော့ကျုံးလိုချင်ခဲ့တဲ့စည်းစိမ်တွေချမ်းသာမှုတွေရရှိခဲ့တယ် လော့ဝေ့ကဒီဘဝမှာအတိတ်တုန်းကလိုထပ်မဖြစ်အောင်သေချာဖို့လုပ်ခဲ့တာ။

လော့ကျုံးအကြည့်တွေကလော့ဝေ့ပေါ်ကနေမခွာသေး။လော့ဝေ့ရဲ့မျက်ဝန်းလှလှလေးတွေထဲမှာ မတည်ငြိမ်ပြောင်းလဲနေတဲ့ခံစားချက်တွေမတွေ့ရဘူးတည်ငြိမ်မှုနဲ့ကြည်လင်မှုသာရှိနေတယ်။ လော့ဝေ့ဆီမှာဒီလိုမျက်လုံးမျိုးအရင်ကရှိခဲ့လို့လား။

လော့ဝေ့ကမေးလိုက်တယ်
"ဦးလေးကျုံး ညှာတာဖို့တောင်းပန်မဲ့အစီအစဉ်မရှိဘူးလား"

လော့ကျုံးက ရုတ်တရက်ထရီလိုက်တယ် ဒီမိသားစုမှာ အကြီးဆုံးသားလော့ချီနဲ့ဒုတိယသားလော့ဇီသာ ငယ်ငယ်လေးတည်းက သူ့ကို ဦးလေးလို့ခေါ်ခဲ့တာ
ဒီတတိယသားလော့ဝေ့ ပဲ တစ်ခါမှသူ့ကိုဒီလိုမခေါ်ဖူးတာ အခုတော့ သူကလော့ကျုံးကို'ဦးလေး'လို့ခေါ်နေတာက လှောင်ပြောင်နေသလိုပဲ
"ဒီအိမ်တော်ရဲ့ အငယ်ဆုံးသခင်လေးက ပြဇာတ်တစ်ပုဒ်ကတဲ့နေရာမှာအတော်ဆုံးလို့မထင်မိခဲ့ဘူး" လော့ကျုံးကသွားကိုတင်းတင်းစေ့ရင်းပြောလိုက်တယ်

"တကယ်လို့ ရူးချင်ဟန်မဆောင် တုံးအကြောင်းမပြခဲ့ရင် မင်းရဲ့တကယ့်သခင်အစစ်နားမှာဘယ်လိုလုပ်ဒီလောက်ကြာကြာနေလို့ရမလဲ"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now