[Zawgyi]
လော့ကျီချိုးက လော့ဝေ့မြို့ပြင်ထွက်တာကို လိုက်မကြည့်တော့။သူကစားပွဲမှာပြန်ထိုင်ချပြီး မပြီးသေးတဲ့အလုပ်တွေ ပြန်ထိုင်ချလိုက်တယ်။ အလုပ်တင်မဟုတ် ရှင်းပြဖို့ ခက်ခဲတဲ့ခံစားချက်တွေ ရှိနေတယ်။သူ ဒီခံစားချက်တွေကိုလော့ဝေ့ဆီမှာ မမြင်ချင်ဘူး။ ဒီကလေးအတွေးတွေက အရမ်းကိုရှုပ်ထွေးပြီး သတိမထားမိဘဲ ရေတစ်စက်မှ ထွက်မကျလောက်အောင်သတိရှိတယိ။အရမ်းကြောက်ဖို့ကောင်းတယ်။လော့ဝေ့သာ တစ်နေ့နေ့မှာ တော်ဝင်သွေးမျိုးဆိုတာသာသိရင် နန်းတော်ညီလာလံမှာဝန်ကြီးဖြစ်ရုံလောက်နဲ့ကျေနပ်ပါ့မလား။ သူတွေးလေလေ ပိုကြောက်လာမိလေလေပဲ။နောက်ဆုံးတော့လုံးဝအတွေးကြီးကိုရပ်လိုက်ရတယ်။လော့ဇီက လော့ဝေ့နဲ့အတူမြောက်ဘက်ဂိတ်ကိုသွားတယ်။
"အာ့ကော့ ခုအိမ်မှာဘာဖြစ်ဖြစ် အာ့ကောတာဝန်ပဲဂရုစိုက်နော်" လော့ဝေ့ကနှုတ်ဆက်စကားပြောလိုက်တယ်။"ရှောင်ဝေ့" လော့ဇီလည်း လော့ဝေ့ကို လမ်းမှာ တတ်နိုင်သမျှဂရုစိုက်ဖို့ထပ်တလဲလဲမှာနေတယ်။
"အပြင်လောက က အိမ်နဲ့မတူဘူးနော် အကုန်လုံးကိုသတိထားရမယ်"လော့ဝေ့က အင်္ကျီလက်ထဲကနေ ပုံတစ်ပုံထုတ်လိုက်တယ်။ ဒီနောက်လော့ဇီကိုပေးပြီးတီးတိုးပြောလိုက်တယ်။
"အာ့ကော ဒီပန်းချီကားထဲကသူက နဉ်ဖေးပဲ တကယ်လို့ ချီလင်းကျရှုံးသွားခဲ့ရင် စာမေးပွဲရက်မှာမြို့တော်ရဲ့ လေးဖက်လေးရံက အစောင့်တွေကို သူ့ကိုရှာခိုင်းလိုက်ပါ သူသာစာမေးပွဲလာဖြေရင် အာ့ကော တတ်နိုင်သမျှတားရမယ်နော်""သတ်စေချင်တာလား"
"မလိုပါဘူး စစ်သားနည်းနည်းလောက်ကို လမ်းပေါ်မှာ သူနဲ့ရန်ဖြစ်ခိုင်းလိုက် နန်းတွင်းစစ်သားတွေကို ပေါ်တင်တိုက်ခိုက်တာကာ သိုင်းစာမေးပွဲတွေကနေထာဝရပိတ်ပင်ခံရလောက်တဲ့အထိ လုံလောက်တယ်လေ"
လော့ဇီက ခေါင်းညိတ်လိုက်တယ်။ သူက အမြဲ တဲ့တိုးသမားဖြစ်ပြီးရိုးသားတဲ့သူ။ သူ ဒီလိုအကြံမျိုးကိုစဉ်းစားတတ်ချင်ရင်တောင်မစဉ်းစားတတ်ဘူး ။ ဒါပေမဲ့ သူ့ညီလေး ဘယ်လောက် ကောက်ကျစ်လဲ ခံစားမိနေတယ်။
"ရှောင်ဝေ့ မင်းသူ့ကိုသိလို့လား"
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果