[Zawgyi]
"အရှင်မင်းသား" လျှိုရွှမ်းရှီက လုံရွှမ်း အင်္ကျီလက်ကို အသာဆွဲပြီး စိတ်ငြိမ်အောင်နေဖို့သတိပေးလိုက်တယ်။
လုံရွှမ်းခြေလှမ်းတို့နှေးသွားတယ်။ သူ့ ခမည်းတော်က မီးလိုဒေါသပိုင်ဆိုင်တယ်။ ယွီကျိုးမှာဖြစ်ခဲ့တဲ့ကိစ္စထဲ လုံရွှမ်းသာပါမှန်းသိရင် သူ့ကိုလွှတ်ပေးမှာမဟုတ်ဘူး။ သူ့ရဲ့ အခု လုံခြုံရေးအခြေအနေကို အခုတလောဆက်တိုက်တွေးနေမိတယ်။ သူ အခုထိလုံခြုံနေသေးတာက ဧကရာဇ်က ဒီကိစ္စနဲ့သူ့ကို မဆက်စပ်မိသေးလို့များလား။
လျှိုရွှမ်းရှီကလည်းယွီကျိုးအကြောင်းစဉ်းစားနေပေမဲ့ သူ့အတွေးတွေကတော့လုံရွှမ်းနဲ့ခြားနားတယ်။ယွီကျိုးက အမှုထမ်းတွေကို အစားထိုးတဲ့လူစာရင်းကကြေညာပြီးပြီ။အားလုံးက လော့ကျီချိုးရွေးထားတာ။သူ လွန်ခဲ့တဲ့နှစ်တွေအတွင်းယွီကျိုးကိုထိန်းချုပ်ဖို့ အတော်အားထုတ်ခဲ့ရပေမဲ့ တစ်ညချင်းအတွင်းပဲ ဧကရာဇ်အမျက်ကြောင့်ပျက်စီးသွားမယ်မထင်ခဲ့ဘူး။
ယွီကျိုးက လော့ကျီချိုး လက်ထဲ အဓိကအစိတ်အပိုင်းထဲကတစ်ခုဖြစ်သွားပြီ။ လျှိုရွှမ်းရှီ အဲလို အလျော့မပေးချင်ပေမဲ့ အခုလက်ရှိလုပ်နိုင်တဲ့အရာကိုသူ မစဉ်းစားနိုင်သေးဘူး။ ဒါက လော့ကျီချိုးနိုင်တာမဟုတ်ဘူး ဧကရာဇ်က လက်ဆောင်ပေးလိုက်တာ လျှိုရွှမ်းရှီ အဲနေရာကိုသူ့လက်ထဲပြန်မြဲဖို့နည်းမရှိတော့ဘူး။
လော့ဝေ့ကအိမ်ပြန်နောက်ကျတယ်။ ညစာစားချိန် ဖြစ်နေပေမဲ့ လော့ကျီချိုးကပြန်မလာသေးဘူး။ဒုတိယသခင်လေး လော့ဇီကတော့ လော့ဝေ့ထက်ခပ်စောစောပြန်ရောက်လာတယ်။"ရှောင်ဝေ့" လော့ဇီက လော့ဝေ့ရောက်လာတာမြင်တော့ ပခုံးကို ခပ်ဖွဖွတွန်းလိုက်တယ်။
"သိပ်ပြီးမညစ်ပတ်နဲ့!"လော့ဝေ့ကပြန်သာပြုံးလိုက်တယ်။ ယွီကျိုးမှာဘာဖြစ်ခဲ့လဲသူ ထပ်မပြောချင်တော့ဘူး။
"ဟုတ်သား မင်းပြောတဲ့ နဉ်ဖေးဆိုတဲ့ လူကအခုငါ့လက်ထဲဖမ်းမိထားတယ်"
အပြန်လမ်းမှာ လော့ဝေ့က ချီလင်းအုပ်စုဆီကနေသတင်းရထားပြီးသား။သူတို့တွေ နဉ်ဖေးကိုလမ်းမှာလုပ်ကြံဖို့ကြိုးစားပေမဲ့ဒဏ်ရာပဲရပြီးထွက်ပြေးနိုင်သွားတယ်။ နန်းတော်ပြန်ရောက်တော့ လော့ဝေ့ နွေဦးစာမေးပွဲရဲ့နာမည်စာရင်းကိုသွားကြည့်လိုက်သေးတယ်။ နဉ်ဖေး , နဉ်ကျီကျိုးဆိုတဲ့နာမည်က သူတို့ထဲမရှိမှပဲ စိတ်အေးသွားတော့တယ်။ လော့ဇီလက်ထဲရောက်နေမယ်သူ မထင်ခဲ့ပေမဲ့ ခုတော့အဆင်ပြေသွားတယ်။
လော့ဇီကဆက်ပြောတယ်။
"အဲကောင်လေးက အတော်ဒဏ်ရာရထားတာ ဒါတောင်သူမြို့ထဲဝင်ချင်သေးတယ် ငါ့လက်အောက်ကလူအချို့သူ့ကိုဖမ်းပြီးငါ အဲတည်းကအိမ်တော်ရဲ့လျှို့ဝှက်ခန်းတစ်ခန်းမှာ ဖမ်းထားတယ်"
YOU ARE READING
ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]
Historical Fictionမင်းတစ်ဘဝတာပျော်ရွှင်နိုင်ဖို့ ကိုယ်နှစ်ရာနဲ့ချီအထီးကျန်ဖို့ဆိုတာထိုက်တန်ပါရဲ့လေသလား။ Original Name - Rebirth Degenerate Slave Abuses Tyrant || 重生之孽奴虐暴君 Author - Mei Guo || 梅果