အပိုင်း ၁၆၈ ။ လွတ်မြောက်ရန်နည်းမရှိ

1.8K 340 6
                                    

[Zawgyi]

အပိုင်း ၁၆၈ ။ လွတ်မြောက်ရန်နည်းမရှိ

"သမီးလည်းသွားတော့မယ်" ပေါ်ဝေးကပြောလိုက်တယ်။ နဉ်ဖေးဒီလို အလျင်အမြန်ထွက်ပြေးသွားတာ ပေါ်ဝေးပိုတောင်စိတ်ဆိုးသွားတယ်။ သူမအဖေကြီးက နဉ်ဖေးလိုစစ်သူကြီးကိုတောင် ခြောက်တဲ့လူဆိုးကြီးတစ်ယောက်လို့ပဲတွေးလိုက်တယ်။

အခန်းတံခါးက ပေါ်ဝေး အပြင်ကနေဆောင့်ပိတ်လိုက်လို့ 'ဘန်း' ခနဲမြည်ကာ ပိတ်သွားလေတယ်။

ပေါ်ကျင်းကျုံးက လော့ဝေ့ကိုကြည့်ကာရယ်မောလိုက်တယ်။
"ဝေ့အာ ခန္ဓာကိုယ်ကအများကြီး ကြည့်ကောင်းလာပြီပဲ၊ မင်းအဖေက မင်းဦးလေးတွေ ဆူညံပူညံလုပ်နေမှာစိုးရိမ်လို့ ငါတို့ကိုမင်းနဲ့တွေ့ခွင့်မပေးဘူးလေ"

"အဓိပ္ပါယ်မရှိတာတွေ ပြောပြန်ပြီ" ပေါ်ဟွားက ကြားဖြတ်ဝင်ပြောလိုက်တယ်။
"ညီမလေးတို့မိသားစုရဲ့ အမတ်မင်းက အစ်ကိုကြီးတို့ ရှောင်ဝေ့ကိုတွေ့ခွင့်မရှိဘူးလို့ ဘယ်တုန်းကပြောလို့လဲ၊ ရှောင်ဝေ့က အခုမြန်မြန်နေပြန်ကောင်းအောင်လုပ်ဖို့ပဲအရေးကြီးတာ၊ အခုလေးတင်ရှောင်ဝေ့ရှေ့ အစ်ကိုကြီးနဲ့လျှို့အာရှေ့ ကျယ်ကျယ်လောင်လောင်စကားပြောသွားတာ မဟုတ်လား"

ပေါ်ကျင်းကျုံးက အမြဲ သူတို့ပေါ်မိသားစုရဲ့တစ်ဦးတည်းသော ညီမကို အမြဲငယ်ငယ်တည်းက သက်ညှာပေးခဲ့တာဖြစ်တယ်။ သူမက လော့မိသားစုထဲပါသွားပြီဆိုရင်တောင် အလိုလိုက်မိတာကျင့်သားရနေပြီ။ ပေါ်ဟွားရဲ့ ဆုံးမမှုအပြီးမှာတော့ စီရင်စုအုပ်ချုပ်သူပေါ်ကျင်းကျုံးခမျာ ပါးစပ်ထပ်မဟတော့ဘူး။

လော့ဝေ့က ဝေ့လန်ကို စကားပြောလိုက်တယ်။
"လန်၊ ငါ့ဆန်ပြုတ်အဆင်သင့်ဖြစ်မဖြစ် သွားကြည့်ပေးပါဦး"

နဉ်ဖေးလိုမျိုး ဝေ့လန်လည်း ထွက်သွားချင်နေတာကြာပြီဖယ နဉ်ဖေးက သူ့အိမ်မှာကိစ္စရှိလို့ဆိုပြီပြောနိုင်ပေမဲ့ ဒီအမတ်မင်းအိမ်တော်က ဝေ့လန်အိမ်။ သူဒီလိုဆင်ခြေမျိုးသုံးမရဖြစ်နေတယ်။ လော့ဝေ့စကားပြောပြီးတဲ့နောက် ဝေ့လန်က လော့ကျီချိုးနဲ့တခြားသူတွေကို အလျင်အမြန် ဂါဝရပြုပြီး ထွက်သွားတော့တယ်။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now