အပိုင်း ၇၂ ။ ဘယ်သူက ယှဉ်ပြိုင်နိုင်

4.7K 927 41
                                    

[Zawgyi]

လော့အိမ်တော် ၊ လော့ကျီချိုး စာဖတ်ခန်း ။

လော့မိသားစုရဲ့ သားအဖသုံးယောက်က ရှဲ့ယွီနဲ့ ဆွေးနွေးတိုင်ပင်ဖို့ ထိုင်နေကြတယ်။ သူတို့က ယွမ်ကွမ်းဆီသို့ လော့ဝေ့ရဲ့ အန္တရာယ်များလှတဲ့ ခရီးအကြောင်း မဆွေးနွေးကြဘူး။ အဲအစား ပြောနေကျတာက ယီကျိုးမှာ ဘာတွေဖြစ်လာမလဲဆိုတာပဲ။ နိုင်ငံရေးမကျွမ်းကျင်တဲ့ လော့ဇီကတော့ ဘေးမှာထိုင်ပြီးနားထောင်နေရုံပဲ။

ရှဲ့ယွီ ထင်မြင်ချက်ကတော့ စစ်ပွဲကို အခု ကြေညာလိုက်ပြီဆိုတော့ ခြေလှမ်းနည်းနည်း ပြန်နောက်ဆုတ်သင့်တယ်။
"လူတွေကို သိပ်ပြီး ဖိအားပေးလို့ မကောင်းလောက်ဘူး စီရင်စု အုပ်ချုပ်ရေးမှူး ချန်ယုက ယီကျီိုးက အမတ်အိုကြီးတွေအကုန်လုံးကို သတ်လို့်မရဘူး မောင်းထုတ်လို့လည်းမရဘူး ကျွန်တော်တို့တွေ သူတို့ကို ထိုးနှက်ပြီးပြီဆိုတော့ သူတို့ကျောကို နည်းနည်းတော့ ပုတ်ပေးဖို့အချိန်ပဲ"

လော့ဝေ့က ခေါင်းယမ်းတယ်။
"ကျွန်တော်တို့ အရှိန်လျှော့လိုက်ရင် လက်ယာအမတ်မင်းက ဆက်ပြီး မြှင့်တင်သွားမှာပဲ ဆိုးတယ်"

ရှဲ့ယွီက ပြန်တုံ့ပြန်တယ်။
"တကယ်လို့ငါတို့ အရှိန်လျှော့ပြီး သူက အရှိန်မြှင့်လိုက်ရင် အရှင်မင်းကြီးရဲ့ ဒေါသကိုဆွသလိုဖြစ်သွားလိမ့်မယ် အရှင်မင်းကြီးက စစ်ပွဲအချိန်မှာ ဦးစားပေးရမဲ့အရာကို မသိတဲ့လူကို သဘောကျမှာ မဟုတ်ဘူး"

လော့ဝေ့က ပြုံးတယ်။
"လက်ယာအမတ်မင်းရဲ့ အကောင်းဆုံးစွမ်းရည်က လူတွေရဲ့ တုံ့ပြန်ချက်ကို စောင့်ကြည့်နေတဲ့နေရာမှာပဲ သူက ဦးစီးပေးသင့်တဲ့ အရာတွေက ဘယ်မှာရှိရမလဲ အမြဲ သတိထားနေတာ"

"ဒါဆို ဒီနည်းက အကောင်းဆုံးပဲ အုပ်ချုပ်ရေးမှူးချန်က ယီကျိုးမှာ အစစအရာရာ စီစဉ်ဖို့ အချိန်လုံလောက်သွားမယ် ဆွဲခေါ်သင့်တဲ့လူကို ဆွဲခေါ်ပြီး မောင်းထုတ်သင့်တဲ့သူကို မောင်းထုတ်ဖို့လိုတယ်"

လော့ဝေ့က ခေါင်းညိတ်တယ် ။
"သူ့အတွက် အခုလက်ရှိအရေးကြီးဆုံးက ဆားကုန်သွယ်ရေးမှာ အားလုံးကို လက်ဝါးအုပ်နိုင်ဖို့ပဲ"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now