အပိုင်း ၉၉ ။ လုံရွှမ်းနေမကောင်း

3.5K 709 10
                                    

[Zawgyi]

ဧကရာဇ်ရှင်းဝူက သူ့နှလုံးသားထဲ မေးခွန်းတစ်ခုကို အမြဲ သံသယရှိနေခဲ့တာဖြစ်တယ်။ လော့ဝေ့က မြောက်ပိုင်းယန်ဆီဦးတည်သွားခိုက် မတော်တဆ သံတမန်ကိုဖမ်းမိသွားတဲ့အချိန်မှာ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကို တကယ်ရှာတွေ့သွားခဲ့တာလား။ အဲဆို အလျင်အတိုင်းသွားပြီး စစ်ပွဲကို လော့ဝေ့အနိုင်ယူနိုင်ခဲ့တာလား။ ဒါပေမဲ့ လော့ဝေ့နဲ့ မျက်နှာချင်းဆိုငတဲ့အခါ ဒီမေးခွန်းတွေကိုဘယ်လိုထုတ်ပြောရမလဲ မသိတော့ဘူး။ သူမေးချင်တာသာ မေးလိုက်ရင် သူကိုယ်တိုင်နဲ့လော့ဝေ့ကြား ပိုတောင်ဝေးကွာသွားစေမှာ စိုးရိမ်တယ်။ အဖေနဲ့သားကိုစိတ်ထဲ မထားနဲ့ဦး၊ အုပ်ချုပ်သူနဲ့ မင်းမှူထမ်းက ယုံကြည်မှုမရှိရင် ငြိမ်းချမ်းစွာ ယှဉ်တွဲမနေနိုင်ဘူး။

လော့ဝေ့က ဧကရာဇ်ထူတဲ့အတိုင်း လိုက်ထလိုက်တယ်။ လျှိုမိသားစုရဲ့ ကျရှုံးမှုက သူထင်ထားခဲ့သလို မပျော်ရွှင်စေခဲ့ပေမဲ့ သူဝမ်းလည်းမနည်းမိဘူး။ သူ့နှလုံးသားဟာ ဘယ်အရာကိုမှ မခံစားနိုင်တော့သလို သေဆုံးသွားခဲ့ပုံပဲ။

"သူက သူ့လက်နဲ့သူ ကိုယ်ကျင့်တရားပျက်မှုနဲ့ သစ္စာဖောက်မှုကြောင့် သေသင့်တာပဲ"
ဧကရာဇ်ရှင်းဝူက နောက်ဆုံးတော့ ပြောလိုက်တယ်။
"ဝေ့အာ၊ မင်းမှန်တယ်၊ ဘယ်သူကမှ သူ့ကို ကွပ်မျက်တဲ့ ကွင်းဆီတွန်းပို့ခဲ့တာ မဟုတ်ဘူး၊ သူကိုယ်တိုင် လျှောက်သွားခဲ့တာပဲ"

လော့ဝေ့က ခေါင်းညိတ်ကာ သဘောတူကြောင်း ခပ်တိုးတိုး  အသံပြုလိုက်တယ်။

"ဝေ့အာ၊ မင်းသွားချင်တဲ့နေရာများ ရှိလား"
ဧကရာဇ်ရှင်းဝူက သူ့တုံ့ပြန်မှုကိုစမ်းသပ်လိုဟန် လော့ဝေ့ကို မေးလိုက်တယ်။

"တိတိကျကျတော့ မရှိပါဘူး"

"ကျန်းတို့ရဲ့ အံ့ချီးလောက်တဲ့ တာ့ကျောင်းမှာ သွားချင်တဲ့ နေရာမရှိဘူးလား"

ဧကရာဇ်က ဘာလို့ရုတ်တရက် သူ့ကို ဒီလိုမေးခွန်းတွေ ရုတ်တရက် မေးလာလဲ နားမလည်တော့ဘူး။

လော့ဝေ့ ဧကရာဇ်က ဒါကို ဘာလို့ရုတ်တရက် သူ့ကိုမေးလဲ နားမလည်တော့ဘူး။ တာ့ကျောင်းက နာမည်ကြီး နေရာအချို့နဲ့ ရှုခင်းနေရာတွေကို သိပေမဲ့ ဘယ်တုန်းကမှ ထူးထူးခြားခြား ဂရုမစိုက်ခဲ့ဖူးဘူး။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now