အပိုင်း ၁၄၄ ။ ရွှီမျိုးနွယ်၏ ပျက်သုဉ်းမှု

2.3K 449 32
                                    

[Zawgyi]

အပိုင်း ၁၄၄ ။ ရွှီမျိုးနွယ်၏ ပျက်သုဉ်းမှု

"ကျွန်မ အရှင့်သားကို တွေ့ချင်တယ်"
ကြင်ယာတော်ရွှီက နွေးထွေးလှတဲ့ ရွက်ဖျင်တဲထဲက အိပ်ရာပေါ်လှဲနေရင်း သူမရှေ့ရပ်နေတဲ့ ကျောင်းဖူကို လှမ်းပြောလိုက်တယ်။ သမားတော်တွေက ထွက်သွားပြီဖြစ်ပြီး သူမကိုခစားတဲ့ နန်းတော်အစေခံနဲ့ မိန်းမစိုးကလည်းပျောက်နေတယ်။ ကြင်ယာတော်ရွှီ အလိုလို ထိတ်လန့်နေမိတယ်။
   
ကျောင်းဖူက တော်ဝင်သွေးသားကို အဆင်အခြင်မရှိပြုမူတယ်လို့ ဧကရာဇ်ရှင်းဝူ သတ်မှတ်တာခံခဲ့ရတဲ့ ဒီအမျိုးသမီးကိုကြည့်နေတယ်။ ဒီလိုလှပတဲ့ လူတစ်ယောက်ရဲ့အသက်က စစ်တုရင်အပိုင်းအစလေးတစ်ခုသာဖြစ်ပြီး အသုံးပြုပြီးတဲ့နောက် စွန့်ပစ်ခံလိုက်ရတာတော့ နှမျောစရာပဲ။
 
"မင်းသားရော.." ကြင်ယာတော်ရွှီက ကျောင်းဖူစကားမပြောတာမြင်တော့ ကျောင်းဖူနောက်ရပ်နေတဲ့ ဖူယွင့်ဆီအကြည့်ရောက်သွားတယ်။
"အရှင့်သားရောဘယ်မှာလဲ၊ ဘာလို့ ငါ့ကို လာမတွေ့ရတာလဲ"
   
ဖူယွင်က ခေါင်းငုံ့လိုက်တယ်။ လုံရွှမ်းက ပင်မဇနီး မသတ်မှတ်ရသေးဘူး။ သာမန်အခြေအနေအောက်မှာ ရွှီမျိုးနွယ်ရဲ့ ပင်မမျိုးရိုးက အမြစ်ရှင်းသွားခဲ့ပြီးဖြစ်ပေမဲ့ စာပေအထွတ်အထိပ်ခန်းမဆောင်တစ်ဝက်ရဲ့ အရှင်သခင်ဖြစ်နေတုန်းပဲ။ ကြင်ယာတော်ရွှီအပေါ် လုံရွှမ်းရဲ့ဆက်ဆံမှုက ချစ်မြတ်နိုးတယ်လို့တော့ ပြောလို့မရပေမဲ့ လေးစားမှုတော့ရှိခဲ့တယ်။ ဖူယွင်က ကြင်ယာတော်ရွှီကို အမြဲသူ့သခင်အဖြစ် သတ်မှတ်ခဲ့တာ။ ဘယ်တုန်းကမှ သူမ ဒီလိုအဆုံးသတ်မယ်မှန်း မထင်ခဲ့မိဘူး။
 

 
"ကြင်ယာတော်ရွှီ အမိန့်တော်လက်ခံပါ"
ကျောင်းဖူက အိပ်ရာရှေ့ရပ်ပြီး တရားဝင်အမိန့်တော်ကို ရွတ်ပြဖို့ ပြင်လိုက်တယ်။

ကြင်ယာတော်ရွှီက မထနိုင်တဲ့အတွက် ဖူယွင်က အလျင်အမြန် သူမ ထထိုင်နိုင်အောင်ကူညီပေးဖို့ ရှေ့ကိုပြေးလာတယ်။

"ကြင်ယာတော်ရွှီကျန်းမာရေးက အားနည်းနေတာ" ကျောင်းဖူက ပြောလိုက်တယ်။
"အိပ်ရာပေါ်သာ ဒူးထောက်ပြီး အမိန့်တော်ကို လက်ခံပေးပါ"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now