အပိုင်း ၁၅၇ ။ အားချိုး၏သေဆုံးမှု

1.9K 376 38
                                    

အပိုင်း ၁၅၇ ။ အားချိုး၏သေဆုံးမှု

အားချိုးက အပြစ်သားအစေခံကို ဟွားကျဲ့ရဲ့ သူတောင်းစားတွေစုဝေးရာနေရာကို ခေါ်လာခဲ့တယ်။ အပြစ်သားအစေခံက မြို့တော်မှာ ကြီးပြင်းလာခဲ့တာဆိုပေမဲ့ ဒီ ဟွားကျဲ့အရပ်ဒေသက ရှန်းဖန်တံတားတည်ရှိမှုကိုတော့မသိခဲ့ဘူး။ လူတွေက တကယ်ကို တံတားခုံးအောက်မှာဖြစ်ပေါ်နေတဲ့လှိုဏ်ဂုလေးခုအောက်ထဲ နေနေကြတာပဲ။
   
အားချိုး ရှင်းဖန်းတံတားထဲက လှိုဏ်ဂူတစ်ခုထဲ ဝင်သွားပြီးတဲ့နောက် သူနေထိုင်မကောင်းဖြစ်စပြုလာခဲ့တယ်။ ဆေးတွေလိမ်းပေမဲ့လည်း အသုံးမဝင်လှတော့ဘူး။ သူ့ပေါက်ပြဲနေတဲ့နာတွေကနေ စိမ့်ထွက်လာတဲ့အရည်တွေက အဝါကနေ အညိုသမ်းလာလေပြီ။

    အပြစ်သားအစေခံဟာ နောက်ဆုံးတော့ စိုးရိမ်ပူပန်စပြုလာခဲ့တယ်။ နှစ်ပေါင်းများစွာ စကားမပြောခဲ့တဲ့ ဒီလူဟာ နောက်ဆုံးတော့ စကားပြောဖို့ပါးစပ်ဟလာခဲ့လေရဲ့။
"မင်း သမားတော်ပြမှဖြစ်မယ်"

သူတို့ပတ်လည်က သူတောင်းစားတွေက နားမလည်ကြတဲ့အတွက်သူ့စကားလုံးတွေကို ထပ်တလဲလဲ ပြောလိုက်ရတယ်။

    အပြစ်သားအစေခံစကားပြောဆိုမှု လေသံက မူမမှန်ဖြစ်နေတဲ့အတွက် ဘယ်သူတောင်းစားကမှ နားမလည်နိုင်ကြဘူး။ ဒါပေမဲ့ အားချိုးကတော့ နားလည်ခဲ့တယ်။ သူက သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီး အပြစ်သားအစေခံကို လက်ယမ်းပြတယ်။
   
"အားချိုးရာ..." အသက်ကြီးကြီးသူတောင်းစားတစ်ယောက်က အားချိုးအခြေအနေကိုမြင်တော့ အစေခံကို မစိုးရိမ်စေချင်တဲ့အတွက် ပြောလိုက်တယ်။
"မင်း ရွှမ်ကျိုးကို ပြန်ချင်ဆို၊ ဒီလိုပုံမျိုးနဲ့ မင်း အသက်ရှင်လျက် ပြန်နိုင်ပါ့မလား"

    အစေခံဟာ သူတောင်းစားအိုကြီးကို မြေပြင်ပေါ်ဦးတိုက် တောင်းပန်လိုက်တယ်။

"အားချိုး ဒီလိုဖြစ်နေတာနဲ့ တောက်အမတပညာရှင်တောင်မှ သူ့ကိုကုသဖို့ခဲယဉ်းလိမ့်မယ်၊ ငါတို့မှာ ပိုက်ဆံမရှိတဲ့အကြောင်းမပြောနဲ့ဦး၊ သမားတော်ခေါ်ဖို့ ပိုက်ဆံရှိရင်တောင် သူ့ကိုကုသနိုင်သူမရှိလောက်ဘူး"
သူတောင်းစားအိုကြီးက ပြောပြလိုက်တယ်။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now