အပိုင်း ၁၇၆ ။ ပူးပေါင်းကြံစည်မှု

1.6K 243 6
                                    

[Zawgyi]

အပိုင်း ၁၇၆ ။ ပူးပေါင်းကြံစည်မှု

လုံရွှမ်း ဘာတွေလွဲနေသလဲတော့ မသိတော့ဘူး။ သူနဲ့လော့ဝေ့က မျက်နှာချင်းဆိုင်ထိုင်ပြီး မြောက်ပိုင်းယန်ရဲ့ မြေပုံအကြောင်း တွေးခေါ်ကာ နှင်းနက်မြို့ကိုဘယ်လိုပြန်သိမ်းရမလဲ အပြန်ပြန်အလှန်လှန် စဉ်းစားနေတဲ့အချိန် သူတကယ်တွေးမိသွားတာက ဒီလူဟာသူ့ကိုတိုက်ခိုက်နေမဲ့အစား ဘေးချင်းကပ်ယှဉ်ရပ်ရင်း ဒီနိုင်ငံကိုအပိုင်သိမ်းရင် ဘယ်လောက်ကြည်နူးဖို့ကောင်းမလဲဆို​တာပဲ။ ဒီသဘောထားက လုံရွှမ်းစိတ်ထဲပေါ်ပေါက်လာတဲ့အချိန် လော့ဝေ့က နှုတ်ခမ်းတင်းတင်းစေ့ပြီး မျက်မှောင်မဆိုသလောက်ကြုတ်ကာ သတိတကြီးလော့ဝေ့ကိုကြည့်နေတာ မြင်လိုက်ရတယ်။
"ဘာဖြစ်လို့လဲ"
လုံရွှမ်းရဲ့မသိစိတ်က အလိုလိုပါးစပ်ဟကာမေးလိုက်မိတယ်။

"ဘာလို့စီမာ့ကျူးရှဲ့က အရှင့်သားကို လာရှရတာပါလိမ့်၊ သူ ပို့ခဲ့တဲ့စာက လျှိုမိသားစုတစ်စုလုံးကို သတ်ပစ်ခဲ့တာလေ၊ သူက အရှင့်သားနဲ့ ရန်သူ ဖြစ်လာပြီဆိုတာ မသိတာလား"

လုံရွှမ်း ဆုံးရှုံးသွားသလိုမျိုးခံစားချက် ရသွားခဲ့တယ်။ လော့ဝေ့က သူ့ကိုလုံးဝမယုံဘူးပဲ။ တာ့ကျောင်းအကျိုးအတွက် ဆိုရင်တောင်ပေါ့။ သူ့စိတ်ထဲက ဆုံးရှုံးမှုကို နက်ရှိုင်းစွာ ဖုံးကွယ်ပြီး လုံရွှမ်းက စီမာ့ကျူးရှဲ့အတွက် မနှစ်မျို့တဲ့အကြည့်လုပ်လိုက်တယ်။
"ငါသူဧကရာဇ်ဖြစ်လာအောင်ကူညီပေးရင် သူက တာ့ကျောင်းအတွက် ကတိပေးတယ်တဲ့"

"သူ့ကိုမှီခိုရုံနဲ့တင်လား"

"သူက ငါ့ခမည်းတော်ကို သူ့ကိုကူညီပေးဖို့ တပ်တွေလွှတ်ပေးဖို့အတွက် ငါတောင်းဆိုပေးတာမျိုး ကူညီစေချင်တာမဟုတ်ဘူး၊ စီမာ့ကျူးရှဲ့လည်း ငါ့အခုအခြေအနေနဲ့ ဘာမှမလုပ်နိုင်မှန်းသိတယ်၊ သူက တာ့ကျောင်းရဲ့ တပ်တွေစေလွှတ်တာကို နှောင့်နှေးအောင် လုပ်ပေးစေချင်တာ၊ ငါမလုပ်နိုင်ရင်တောင် တပ်တွေလွှတ်မဲ့နေ့ကို သူ့ဆီမြန်မြန်ပြောပြပေးနိုင်ဖို့ မျှော်လင့်တယ်တဲ့"

လော့ဝေ့မျက်နှာက ခံစားချက်မရှိဖြစ်နေတယ်။
"အဲဒါက ရိုးရှင်းပါတယ်"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now