အပိုင်း ၉၇ ။ ကံကြမ္မာ

3.2K 719 15
                                    

[Zawgyi]

လော့ဝေ့က ဖုယီတာ့ရှီးကို ဆုပ်ကိုင်ထားတာကနေ လွှတ်ပေးလိုက်တယ်။ ဧကရာဇ် ဦးတည်လာတာမြင်တော့ သူအလျင်အမြန် ဒူးထောက်ချလိုက်ပေမဲ့ မကျေနပ်နိုင်သေးဘူး။ ဒီ မင်းဆရာကြီးက တစ်ခုခုတော့ သိကိုသိရမယ်။ သူ့ဆီကအဖြေတစ်ခုရအောင် လုပ်ဖို့ ဆုံးဖြတ်ချက်ချထားတယ်။

"အရှင်မင်းကြီး"
ဖုယီတာ့ရှီးက ဧကရာဇ်ကိုမြင်တော့ ဒူးမထောက်ဘဲ တလေးတစားပဲ ဦးညွှတ်တယ်။
"ဒီဘုန်းတော်ကြီးက သခင်လေးကို ဗုဒ္ဓအယူဝါဒရဲ့စည်းကမ်းတစ်ချို့ရှင်းပြဖို့ ကြိုးစားနေတာပါ၊ ဒါပေမဲ့ ဗုဒ္ဓလမ်းကြောင်းနဲ့သူနဲ့က လမ်းချင်းမဖြတ်ခဲ့တဲ့ပုံပဲ"

ဧကရာဇ်ရှင်းဝူက လော့ဝေ့ကိုမတ်တပ်ရပ်ဖို့ခွင့်ပြုရင်း မင်းဆရာပုရောဟိတ်ကြီးနဲ့ နောက်နေတယ်။
"မင်းဆရာကြီးက ဒီကောင်လေးကိုပြောင်းလဲပြီး သာသနာ့ဘောင်ထဲ သွတ်သွင်းဖို့ ကြိုးစားနေတာလား"
ဧကရာဇ်ရှင်းဝူက ဗုဒ္ဓဘာသာကိုလေးစားပေမဲ့ ဖခင်တစ်ယောက်အနေနဲ့ လော့ဝေ့ရဲ့လမ်းကြောင်းက ဒီတရားလမ်းကြောင်းနဲ့ မဖြတ်ဘူးဆိုတာကြားလိုက်ရလို့ အတော်လေးဝမ်းမြောက်သွားမိတယ်။ ဘယ်သူကမှ သူတို့ကလေးကို တစ်ယောက်တည်းအထီးကျန်စွာ ဘဝကိုဖြတ်သန်းရမှာ မလိုချင်ကြသလို ဧကရာဇ်လည်းထိုနည်းတူဖြစ်တယ်။ သူက လော့ဝေ့ကိုစည်းစိမ်ချမ်းသာအပြည့် ဘဝမျိုးပဲ ပေးချင်ခဲ့တယ်။

"တတိယသခင်လေး၊ ဗုဒ္ဓက မပြောသင့်ဘူးလို့ လမ်းညွှန်ထားတဲ့အရာတွေက ပြောလို့မဖြစ်နိုင်ပါဘူး"

လော့ဝေ့ အခုဒေါသထွက်သွားလေပြီ။ ပြောလို့မရဘူးဆိုလည်း ဘာလို့ခုနက စကားတွေပြောခဲ့သေးလဲ။ ဒါမှမဟုတ် မင်းဆရာပုရောဟိတ်ကြီးက လုံရွှမ်းဘေးရပ်နေခဲ့တဲ့ပုံကို ပြန်စဉ်းစားကြည့်တော့ ဒီသူဟာ လုံရွှမ်းအတွက် အသနားခံပေးဖို့ကြိုးစားနေတာများလား။ လုံရွှမ်းအခြေအနေက ဒီမင်းဆရာကြီး သူ့ကိုထွက်ကူညီရတဲ့အထိ သေရေးရှင်ရေးဖြစ်နေပြီလား။ ပုရောဟိတ်က ဒီရေနစ်နေတဲ့သူကို လက်ကမ်းပေးဖို့ ကြိုးစားနေတာလား။

"ဝေ့အာ၊ အရင်ဆုံး ထာဝရအလင်းရောင်ခန်းမဆောင်ကို ပြန်သွားချေ"
လော့ဝေ့ နေမထိထိုင်မထာဖြစ်နေတာမြင်တော့ ဧကရာဇ်ရှင်းဝူက ပထမဆုံး အမိန့်ပေးလိုက်တယ်။
"ကျန်း မင်းဆရာပုရောဟိတ်ကြီးနဲ့ စကားပြောစရာရှိသေးတယ်"

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now