အပိုင်း ၂၈ ။ ဧကရာဇ်၏ကာကွယ်မှု

10.7K 1.7K 47
                                    

အပိုင်း ၂၈ ။ ဧကရာဇ်၏ကာကွယ်မှု

"ရွှမ်းအာ မင်း ကြင်ယာတော်မယ်တော်ကိုသွားမကူညီဘူးလား" မယ်တော်ကြီးက လျှိုကြင်ယာတော်ကို ကိုယ်တိုက်သွားထူပေးချင်ပေမဲ့ ရပ်နေတဲ့လုံရွှမ်းကိုသာပြောလိုက်တယ်။
"မင်း သူ့ကိုဒီလိုအခြေအနေမှာဒူးထောက်စေနေတာလဲ!"

"မယ်တော်" ဒါပေမဲ့ ကြင်ယာတော်လျှိုက မတ်တပ်မရပ်ဘဲ  မိဖုရားခေါင်ကြီးနှင့်အတူတောင်းပန်တယ်။
"မမကိုသနားညှာတာပါ မဟုတ်ရင် ဒူးထောက်ပြီး ဒီနေရမှာပဲ ချန်ချဲ့သေဆုံးလိုက်ပါ့မယ်"

"အရူးမလေး!" မယ်တော်ကြီးမှာကိုယ်လုပ်တော်လျှိုအပေါ်သနားစိတ်ဝင်နေတယ်။
"ဘာလို့မမြင်နိုင်တာလဲ"

ကြင်ယာတော်လျှိုကငိုကြွေးနေတယ်။
"ဟွမ်းဟို့နဲ့ ချန်ချဲ့က ညီမရင်းတွေလိုနေတာပါ သူ ချန်ချဲ့ကိုထိခိုက်စေမယ်မထင်ပါဘူး မယ်တော် ဒါ ချန်ချဲ့ရဲ့ကံဆိုးမှုသက်သက်ပါ ချန်ချဲ့သာမင်းသားလေးကိုထိခိုက်မိစေတာပါ! မယ်တော် ဒါ အမတော်နဲ့ဘာမှမဆိုင်ပါဘူး!"

လောကကြီးမှာအတော်ဆုံးသရူပ်ဆောင်သာ ကြင်ယာတော်လျှို အဆင့်ကိုမှီနိုင်တယ်။
မင်းသားလေးကမင်းသမီးလေး ပြီးတော့ ဧကရီသေဆုံးတာကလွဲပြီး သူမကဘာမှမလိုချင်ဘူး ဒါပေမဲ့ညီမတွေလို အသနားခံပေးနေတယ်။ လော့ဝေ့ကဧကရီကိုကြည့်တော့ ငိုတာကလွဲပြီးငိုတာပဲထပ်လုပ်နေတယ်။သူမကစွပ်စွဲခံရပေမဲ့ ကိုယ့်ကိုကိုယ်ကာကွယ်စကားမပြောနိုင်။ ဒီလိုဧကရီက ကြင်ယာတော်လျှိုကိုနိုင်နိုင်ပါ့မလဲ။လော့ဝေ့ကလှောင်ပြောင်သံလေးထွက်မိသွားတယ် ဒါဟာသေချာပေါက် ပြဇာတ်ကောင်းပဲ။

လုံရွှမ်းဟာ လော့ဝေ့မျက်နှာပေါ်ကခဏတာလှောင်ပြောင်မှုကိုကြည့်နေတော့ဘာဖြစ်နေလဲသိသွားတယ်။ တကယ်လို့သူ့ခမည်းတော်ကသာ ဧကရီကိုမယုံရင်ဘာလို့လော့ဝေ့ကိုသူနဲ့အတူခေါ်လာမှာလဲ။လော့ဝေ့ကိုသင်ခန်းစာပေးချင်လို့လား။မဖြစ်နိုင်ပေ။
"ကြင်ယာတော်မယ်တော် မလုပ်..." လုံရွှမ်းက သူ့မွေးမိခင်ကိုဒီပြဇာတ်ကနေတာရပ်လိုက်စေချင်ပေမဲ့ သူ့ကိုယ်သူတားလိုက်တယ်။ တကယ်လို့ဝင်ပြောလိုက်ရင် နောက်ကွယ်ကကိစ္စတွေကိုသိပြီးသားလို့ဝန်ခံရာကျသွားမယ်မလား။လုံရွှမ်းမသိမသာ ဧကရာဇ်ကိုကြည့်မိတော့ သူ့အဖေရဲ့စိမ်းကားကား မျက်နှာကိုသာမြင်လိုက်ရတယ်။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now