အပိုင်း ၂၀ ။ ရှဲ့ယွီ ဆရာတစ်ယောက်ရသည်

13.4K 2.4K 68
                                    

[Zawgyi]

ညစာစားချိန်ရောက်တော့ ချီဇီကရောက်လာပြီး လက်ဝဲဥပဒေအမတ်မင်းပြန်ရောက်ပြီဆိုတဲ့
အကြောင်းပြောလာတယ်။

လော့ဝေ့ကချက်ချင်းဆိုသလို ရှဲ့ယွီကိုပြောလိုက်တယ်။
“ရှဲ့ရှုံး ကျွန်တော့်အဖေအိမ်ပြန်ရောက်ပြီဆိုမှတော့ သွားတွေ့ကြမလား ”

ရှဲ့ယွီက မငြင်းပေ...သူက လက်ဝဲဥပဒေအမတ်မင်း လော့ကျီချိုးကိုအားကျနေခဲ့တာအတော်ကြာပြီ။ဒီနေ့ကသူ့အတွက်အခွင့်အရေးကောင်းပဲ။

လော့ကျီချိုးက လော့ဝေ့ သူနဲ့တွေ့ပေးဖို့တော်ဝင်စာကြည့်ဆောင်ကသူငယ်ချင်းခေါ်လာမယ်မထင်မိခဲ့ဘူး။ဒါပေမဲ့ ဒီ လူငယ်က သူ မကြာခဏပြောနေကျဖြစ်တဲ့ ထူးချွန်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ လူငယ်ဖြစ်တဲ့ ရှဲ့ယွီဆိုတာသိလိုက်ရတော့ သူပျော်သွားပြီး ရှဲ့ယွီနဲ့စကားပြောတော့တယ်။

လော့ဝေ့ကသူတို့ဘေးနားထိုင်နေတယ်။ဒီသူနှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက် သဘောကျ တာ သိတယ်။ဒါကြောင့်မို့ သူတို့ စကားပြောဖို့အကြောင်းမရှိမှာစိုးရိမ်စရာမလိုဘူး။
အချိန်သင့်တော်ပြီလို့ယူဆလိုက်တဲ့အချိန် လော့ဝေ့က ရှဲ့ယွီကို အိမ်တော်ဖိတ်ခေါ်ရတဲ့အကြောင်းအရင်းအစစ်ကို
ပြောပြလိုက်တယ်။
“ဖူချင်း...ရှဲ့တာ့ကော(1) က နိုင်ငံတော်ကိုငြိမ်းချမ်းကြွယ်ဝမှုတွေဘယ်လိုသယ်ဆောင်လာရမလဲ သင်ကြားချင်တယ်တဲ့ တော်ဝင်စာကြည့်ဆောင်ကိုသွားမဲ့အစား ဖူချင်းဆီကနေသင်ယူတာကပိုပြီးထိရောက်မယ်ထင်တယ်”

ရှဲ့ယွီကလော့ဝေ့ကိုကြည့်လိုက်တယ်။လော့ဝေ့မျက်နှာပေါ်ကအပြုံးကိုမြင်လိုက်တော့ ရှဲ့ယွီရုတ်တရက်ဆိုသလိုလော့ဝေ့ဘာဆိုလိုလည်း နားလည်သွားတယ်။သူကအမြန်ဒူးထောက်လိုက်တယ်။
“ကျွန်တော်ကအရည်အချင်းသိပ်မရှိပါဘူး ဒါပေမဲ့ ဆရာအဖြစ်တော်ချင်ပါတယ်”

လော့ကျီချိုးကရှဲ့ယွီကိုကြည့်ပြီးလော့ဝေ့ကိုကြည့်လိုက်တယ်။ရုတ်တရက်မပြင်ဆင်ပဲ တပည့်တစ်ယောက်လက်ခံခိုင်းတာကနည်းနည်း
အခက်တွေ့လှတယ်။

“ဖူချင်း” လော့ဝေ့ကမတ်တပ်ရပ်ပြီး လော့ကျီချိုးကိုပြောလိုက်တယ်။
“ရှဲ့တာ့ကောက တိုးတက်ဖို့လမ်းစရှိတယ်လို့အမြဲပြောနေကြလေ ပြီးတော့ ဖူချင်းက တိုးတက်မှုကိုဖြုန်းတီးတာကိုမုန်းတယ်မလား
သူကိုယ်တိုင်ဖူချင်းရဲ့အိမ်တံခါးဝဆီ
ရောက်လာပြီလေ”

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now