အပိုင်း ၁၁၅ ။ မယ်တော်ကြီး၏နန်းဆောင်

3.4K 653 25
                                    

[Zawgyi]

လော့ဝေ့ ပြန်နိုးလာချိန် ဘယ်သူမှ သူ့ဘေးရှိမနေဘူး။ သူ အသံလည်းတစ်စက်မှ မထွက်ဘဲ လှဲလျောင်းရင်းသာ စဉ်းစားနေမိတယ်။ အိပ်မက်မဟုတ်ဘူးဆိုရင်တော့ ဒါက သူံအတိတ်ဘဝ ပြဇာတ်ရဲ့အဆုံးသတ်ပဲဖြစ်ရမယ်။ လုံရွှမ်းက သူ့ကိုချစ်ခဲ့တယ်တဲ့လား။ လော့ဝေ့ အသံမထွက်ဘဲ ရယ်မိလိုက်တယ်။ သူ့ဘဝအကြောင်း နောက်ထပ်ရယ်စရာကောင်းတဲ့ ဟာသတစ်ခုကို ကြားလိုက်ရသလိုပဲ။

နွေးထွေးတဲ့လက်တစ်စုံဟာ လော့ဝေ့ပါးပေါ် သက်ဆင်းလာခဲ့တယ်။

"လန်..."
လော့ဝေ့က ဝေ့လန်ကို စိုက်ကြည့်ရင်းပြုံးပြလိုက်တယ်။

ဝေ့လန် အပြင်ကို တစ်ရှိန်ထိုးထွက်ပြေးသွားပြီး အော်လိုက်တယ်။
"သခင်လေးနိုးပြီ!"

လော့ဝေ့က သူ လဝက်နီးပါး မေ့မျောနေခဲ့မှန်း မသိခဲ့ဘူး။ သမားတော်တွေက သူဘယ်တော့မှ ပြန်နိုးမလာတော့ဘူး ထင်နေကြပြီ။ သူ့မိသားစုဆိုရင် သူ့အသုဘအခမ်းအနားအတွက် ပြင်ဆင်ဖို့ လုပ်ရင်း လူတိုင်းက စိတ်ထဲကနေ လော့ဝေ့သေဆုံးမှုကို လက်ခံနိုင်ဖို့ သူတို့ကိုယ်သူတို့ စိတ်ထဲကနေ ပြင်ဆင်ထားခဲ့တာဖြစ်တယ်။

"သခင်လေး မသက်မသာခံစားရတာမျိုးရှိပါသလား"
သမားတော်ဝေ့က လော့ဝေ့ကို မေးလိုက်ပြီး နောက်မှာတော့ အခြား နန်းတွင်းသမားတော်တွေနဲ့ လော့ဝေ့မိသားစုပါလာတယ်။

"ကျွန်တော် အားမရှိသေးဘူး"
လော့ဝေ့ ဘာနာကျင်မှုမှ မခံစားရတော့ပေမဲ့ ခြေလက်တွေက ခွန်အားရောတက်ကြွမှုရောပျောက်ဆုံးနေတယ်။

သမားတော်ဝေ့က လော့ဝေ့သွေးကြောကိုစမ်းသပ်ကြည့်ပြီးနောက်မှာ အလျင်အမြန် တခြားသမားတော်ကို လက်ကောက်ဝတ်သွေးကြောစမ်းခိုင်းလိုက်တယ်။ ရှိနေတဲ့သမားတော်တွေအကုန် အလှည့်ကျ စစ်ဆေးပြီးနောက် ဆွေးနွေးတိုင်ပင်ကြတယ်။

လော့ဝေ့ သူ့မိသားစုကိုကြည့်ကာ ပြုံးပြလိုက်တယ်။
"ကျွန်တော်အဆင်ပြေသွားပါပြီ၊ စိုးရိမ်စေမိလို့ အားလုံးကို တောင်းပန်ပါတယ်"

အံ့သြဖို့ကောင်းစွာ ပထမဆုံးစငိုခဲ့တဲ့သူက ပေါ်ဟွားပဲ။ ဒီလဝအတွင်း လော့ဝေ့အပေါ်ဘယ်တုန်းကမှ အစစ်အမှန်မကောင်းပေးခဲ့လို့ သူမကိုယ်သူမအပြစ်တင်နေခဲ့တာဖြစ်တယ်။

ကံကြမ္မာစေရာ [မြန်မာဘာသာပြန်]Where stories live. Discover now