Chapter 1

21.4K 2K 112
                                    

(Unicode)

Yu Bai Zhou မျက်လုံးများကို ဖွင့်လိုက်သောအခါ သူ့ရှေ့ရှိ မြင်ကွင်းတစ်ခုလုံး ပြောင်းလဲသွားသည်။

လူတစ်ယောက်မျှ မသုံးသည့် စာသင်ခန်းအလွတ်တစ်ခုတွင် ကျောင်းယူနီဖောင်းဝတ်ထားသော လူမိုက်တစ်စုက ကျောင်းသားတစ်ယောက်ပတ်လည်တွင် ဝိုင်းဖွဲ့နေကြသည်။ အလယ်ရှိကျောင်းသားက သူ့ခေါင်းကိုငုံ့ကာ မျက်နှာကို ရှင်းလင်းစွာ မမြင်ရချေ။

သူ၏ပတ်လည်ရှိ မရင်းနှီးသော မြင်ကွင်းကိုကြည့်ရင်း Yu Bai Zhou စကားပြောလိုသော်လည်း သူ့ပါးစပ်ရှိ မီးခိုးများဖြင့် မွှန်သွားပြီး ချောင်းဆိုးသွားသည်။ ထိုအခါမှ သူသတိထားမိသည်မှာ ဆေးလိပ်သောက်နေရုံတင်မဟုတ်ဘဲ မိမိမှာ ခေါင်းဆောင်ပုံစံဖြင့် ထိုင်နေသည်ကိုတွေ့ရသည်။

Yu Bai Zhou အနည်းငယ် လန့်သွားသည်။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။

သူမှတ်မိသည်မှာ volunteer လုပ်ဖို့အသွားတွင် ကားတစ်စီးဖြင့် အတိုက်ခံရသည်ကို ဖြစ်သည်။ သူဘာကြောင့် ဤနေရာတွင် ရုတ်တရက် ရောက်လာရသလဲ။ ထို့အပြင် ဒီနေရာမှာ ဘယ်နေရာလဲ။

အသံတစ်သံက သူ့စိတ်ထဲတွင် ပေါ်လာသည်။ “စာအုပ်ထဲက ကမ္ဘာကနေ ကြိုဆိုပါတယ်။ မင်းငါ့ကို 008 လို့ခေါ်လို့ရပါတယ်”

Yu Bai Zhou စိတ်ထဲတွင် ရှုပ်ထွေးသွားရသည်။ “ဘာ…စာအုပ်ထဲက ကမ္ဘာ၊ ငါ စာအုပ်ထဲကို ကူးပြောင်းခံရတာ”

008: “ဟုတ်ပါတယ် host ကျွန်တော်က ခင်ဗျားရဲ့ ကူးပြောင်းပေးတဲ့ စနစ်ပါ”

Yu Bai Zhou ပြန်တုံ့ပြန်နိုင်ရန် နှစ်စက္ကန့်လောက်ကြာသွားသည်။ စာအုပ်ထဲသို့ ဇာတ်ကောင်များ ကူးပြောင်းခံရသည့် ဝတ္ထုများအကြောင်း သူဖတ်ဖူးသည်။ သို့သော် သူကိုယ်တိုင် စာအုပ်ထဲသို့ ကူးပြောင်းခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

သူဝတ္ထု၏ ဇာတ်လမ်းအကြောင်း 008 ကိုမေးလိုက်သောအခါ 008 က သူ့ကို ဖတ်လို့ကောင်းသော(shang wen_ feel good literature)* ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကြောင်းသာ ပြောသည်။

(T/N: shuang wen- feel good literature ဆိုတာ စာဖတ်သူတွေကို ပျော်ရွှင်စေတဲ့ စာအုပ်ဇာတ်လမ်းမျိုးပါ။ ဇာတ်လိုက်က သူ့ရဲ့အခက်အခဲတွေ ရန်သူတွေကို အလွယ်တကူ အနိုင်ယူပြီး Happy ending ဖြစ်သွားတဲ့ စာအုပ်မျိုး။ ဉပမာ quickly Wear the Face of the Devil က shuang wen ပါ)

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now