Chapter 2

13.6K 1.8K 19
                                    

(Unicode)

ဇာတ်လမ်း၏ အကြောင်းအရာများမှာ ပြည့်ပြည့်စုံစုံမသိရသေးသောကြောင့် Yu Bai Zhou မှာ သူ့ရှေ့ရှိ လူကို မိမိဘာသာ မသိမသာဖြင့် လေ့လာရသည်။

ဖြတ်သွား၏ဆံပင်မှာ အနက်ရောင်ရှိပြီး အနည်းငယ်ကောက်နေသည်။ သူ့ခေါင်းကို အနည်းငယ်ငုံ့ထားပြီး နဖူးပေါ်ရှိ ဆံပင်များသည် မျက်နှာပေါ်ကို ဖုံးနေသည်။ ထိုအခြင်းအရာက Yu Bai Zhou ကို သူ့မျက်နှာအသွင်အပြင်ကို ဖုံးကွယ်ထားစေသည်။

Yu Bai Zhou ကထိုင်ခုံပေါ်တွင် ထိုင်နေသည်။ သို့သော်လည်း အခြားလူက သူ့ထက် အရပ်မြင့်နေကြောင်း သူပြောနိုင်သည်။ ၁.၉ မီတာ အရပ်အမြင့်လောက် ရှိလိမ့်မည်။ သူ့ပုံစံမှာ မပိန်သလို အခြားကျောင်းသားများကဲ့သို့လည်း ပျော့သယောင်မရှိ။ သူ့ရုပ်ရည်မှာ မဆိုးဘူးဆိုလျှင် ကျောင်းရှိမိန်းကလေးများ ကြိုက်ကြသော ပုံစံဖြစ်လိမ့်မည်။

Yu Bai Zhou သူ့ရှေ့ရှိ လူရှိ အရွယ်အနေအထားကို တိုင်းတာနေသည်။

လူအများစုမှာ ထိခိုက်ဒဏ်ရာရတော့မည်ကို သိလျှင် ကြောက်ကြလိမ့်မည်။ အချို့မှာ သနားညှာတာဖို့ပင် တောင်းပန်ကြလိမ့်မည်။ သို့သော် ဤလူမှာ ဂရုမစိုက်သလို တည်ငြိမ်လှသည်။ သူအရိုက်ခံရတော့မည်မှန်းပင် မထင်ရ။ ထူးဆန်းလွန်းသည်။ Yu Bai Zhou ထိုလူထံမှ အကြောက်တရားနှင့် စိုးရိမ်ပူပန်မှုကို လုံးဝမခံစားရ။ ထိုအစား အခြားသူများနှင့်မတူသည့် တည်ငြိမ်မှုကို ခံစားမိသည်။

သူ့ဘေးရှိ ညီလေး ၁၏ အသံထွက်လာသည်။

“ခေါင်းဆောင် He Yan ကို ရိုက်ပြီး ကောင်းကောင်း သင်ခန်းစာမပေးဘူးဆိုရင် ဒီကောင်က နောက်ဒီထက် ပိုဆိုးလိမ့်မယ်”

ညီလေး ၂ ၏ အသံလည်းထွက်လာသည်။

“ဟုတ်တယ်။ သူက စာမှာ ထိပ်ဆုံးဖြစ်နေတာနဲ့ဘဲ အခြားသူတွေက သူ့အောက်မှာ ရှိနေတယ်ထင်နေတယ်။ သူ့ကို အစတည်းက မကြိုက်တာ။”

ထိုဖြတ်သွားမှာ He Yan ဟုခေါ်မှန်း သိလိုက်ရပြီး သူက ထိပ်တန်းကျောင်းသားလည်း ဖြစ်နေသည်။

ညီလေး ၃ က သူ့လက်ထဲရှိ ဘေ့စ်ဘောတုတ်တံကို မြှောက်လိုက်ပြီး “ခေါင်းဆောင် ခိုင်းလိုက်တာနဲ့ ကျွန်တော်တို့က လုပ်တော့မှာ”

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now