Chapter 19

8K 1.5K 29
                                    

(Unicode)

Yu Baizhou ပန်းကန်ပေါ်ကို လတ်လတ်ဆတ်ဆတ် ကင်ထားတဲ့ ကင်းမွန်နဲ့ ကြက်သားကို ထည့်လိုက်ပြီး ကန်နားမှာ ငါးမျှားနေကြတဲ့ Pan Yiming နဲ့ Yu Chen ဆီ သွားပို့ပေးလိုက်သည်။ Gu Huilan က Yu Baizhou နောက်ကျောကို ကြည့်ပြီး လိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်ကြောင်းကို တွေးမိပြီး ပါးစပ်ကထွက်သွားသည်။

သူ့အမေဘေးက Pan Yi က ထိုစကားကို ကြားပြီး နှုတ်ခမ်းဆူမိသည်။ Gu Huilan က သားဖြစ်သူကို ကြည့်ပြီး ပြောလိုက်သည်။
"Pan Yi မင်း Xiao Zhou လိုကလေးမျိုးဆီက သင်သင့်တယ်။ သူများနဲ့ ယှဉ်ရင် မင်းက တစ်နေကုန် ဘယ်လို ဟေးလားဝါးလားလုပ်ရမယ် ဘယ်လို ဆော့ရမယ်ဆိုတာဘဲ တွေးနေတာ"

Pan Yi: "..."

Pan Yi: "မား တံတောင်ကို တခြားဘက်ဘဲ မထိုးနေနဲ့* သားဖြစ်သူဘက်လဲ လှည့်ပါဦး"

(T/N - အနီးနားကလူကို မမြင်ဘဲ အခြားတစ်ယာက်ကို ကူပေးတာကို ပြောတာပါ)

Gu Huilan က ငါးကင်ကို ယူလိုက်သည်။
"မင်းသာ တာဝန်သိတတ်လို့ကတော့ ငါ မင်းဘက် လှည့်မှာပေါ့"

စကားပြောပြီးတော့ Gu Huilan က ငါးကင်ကို Pan Yi အဖေဆီ သွားပို့လိုက်သည်။

Pan Yi ဘာဘီကျူးပေါ်က အသားကို တစ်ဖက်လှန်ရင်း မီးခိုးတွေနဲ့ မွှန်သွားသည်။
"မဖြစ်နိုင်တာ။ အသားငါးကင်ပေးတာတောင် ကျွန်တော်က တာဝန်မသိတတ်ဘူးလား"

Gu Huilan က တစ်ခုခုကို တွေးမိသွားသလိုဖြင့် သူမခေါင်းကို အနောက်ပြန်လှည့်လိုက်သည်။
"အိုး ဟုတ်သား။ ကင်ပြီးရင် မင်းယူသွားလိုက်"

Pan Yi: "..." ဒေါသတော်တော်ထွက်နေသည်။

သူ့ဘေးမှာထိုင်ရင်း သောက်နေတဲ့ He Yan က Pan Yi ကို ပြောလိုက်သည်။
"မင်းတော်တော်ပျင်းနေတာလား။ အသက်သုံးဆယ်ဘဲ ရှိနေပြီ ဆယ်ကျော်သက်ကလေးတစ်ယောက်နဲ့ အပြိုင် ရန်ဖြစ်နေသေးတယ်"

Pan Yi က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆိုလာသည်။
"ငါ့အမေရှေ့မှာတော့ ငါက အမြဲ ဆယ့်ရှစ်နှစ်ဘဲ"

He Yan က သူ့ကို လှောင်ပြောင်တဲ့ အကြည့်နဲ့ တစ်ချက်ကြည့်လာသည်။

Pan Yi က သိချင်သည်ကို မေးလိုက်သည်။
"အိုး ဟုတ်သား။ Yan Ge နေ့ခင်းထဲက မေးချင်နေတာ။ Yu Baizhou အကြောင်းလေ သူ့ကို ကြည့်လေ ထူးဆန်းလေဘဲ။ မင်းနဲ့ သူက ဘယ်တုန်းက ဆက်ဆံရေးကောင်းသွားတာလဲ။ မင်းတို့နှစ်ယောက်ထိုင်ပြီး စကားတွေပြောနေတာ။ အဲ့ဒါမကဘူး သူက မင်းနဲ့ တဲတစ်ခုထဲမှာ အိပ်ချင်နေတယ်?!"

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now