Chapter 31

8K 1.5K 52
                                    


(Unicode)

Yi Haixing ပျောက်ကွယ်သွားတော့မယ့် ကျောပြင်ကို ကြည့်ပြီး တံခါးဘက်ကို လျှောက်သွားဖို့ ပြင်လိုက်သည်။

"ဖေဖေ။ ဘာတွေကြည့်နေတာလဲ" Yi Tian အသံက တစ်ဖက်က ထွက်လာသည်။

Yi Haixing သူ့အတွေးတွေကို ပြန်ရုတ်သိမ်းလိုက်ပြီး Yi Tian ကို တစ်ချက်ကြည့်ကာ ခံစားချက်မပါတဲ့လေသံနဲ့ ပြောလိုက်သည်။
"ဘာမှမဟုတ်ဘူး"

အခု စင်ပေါ်မှာ အလင်းရောင်ကြောင့်လားမသိ ထိုကောင်လေးမျက်ဝန်းတွေက တစ်ဖက်လူနဲ့ ကွာခြားကြောင်း သတိထားမိသည်။

ဒါတွေက အတိတ်မှာဘဲ။ ဒါတွေအကုန်လုံးက အတိတ်မှာဘဲ။ သူက သူ(မ)သားဆိုလျှင်ပင် ဘာများအရေးကြီးလို့လဲ။ ဒါတွေက သူနဲ့ မဆိုင်ပေ။

Yi Haixing သူ့စိတ်ထဲက အတွေးတွေကို ချိုးနှိမ်လိုက်ပြီး မကြာခင်မှာဘဲ သူ့စိတ်အခြေအနေက ပုံမှန်လို ပြန်တည်ငြိမ်သွားသည်။

သူ့နားထဲ ဝင်လာတဲ့ ဆွဲဆောင်မှုအပြည့်နဲ့ အသံက နီးကပ်လွန်းပြီး အသံ ကြိမ်နှုန်းနဲ့ တုန်ခါမှုကိုပင် ခံစားလို့ရလောက်သည်။ ဒါက Yu Baizhou နှလုံးသားကို အချိန်ခဏလောက် အခုန်မြန်စေကာ ရေပြင်မှာ နေရောင်ခြည် ထိုးနေသလိုမျိုး သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့စေသည်။

ဒါပေမယ့် သူ့ပခုံး လေးလံလာတဲ့တစ်ခဏမှာ သူ့စိတ်ထဲက ခံစားချက်ကို ခဏသိမ်းထားမှရမည်မှန်း သိလိုက်ရသည်။

သေချာစွာပင် He Yan ၏ လက်ရှိအသွင်အပြင်ကို ကြည့်ရင်း နောက်ဆုံးတော့ လက်တွေ့ဘဝကို ပြန်ရောက်လာသလို ထင်ရသည်။

Yu Baizhou အကြောင်းစုံကို သိစေကာမူ သူလက်ရှိနေရာက He Yan ကို ပွင့်ပွင့်လင်းလင်း နှစ်သိမ့်ပေးလို့ မဖြစ်ပေ။

ထို့ကြောင့် ယခုလိုသာ သူ့ခန္ဓာကိုယ်ကို ဖက်ဖို့ ခဏငှားပေးရင်း မတ်တပ်ရပ်နေရသည်။ ဒါက အသုံးဝင်လားတော့ မသိပေမယ့် အရင်ဆုံးတော့ ဒီလိုဘဲလုပ်တာပေါ့။

အမှောင်ရိပ်က လူနှစ်ယောက်ပေါ် ကျရောက်နေသည်။ တော်တော်ကြာမှ He Yan က ဖက်ထားတာကို လွှတ်ပေးပြီး သူ့ခေါင်းကို နည်းနည်းငုံ့လိုက်ရင်း သူ့လက်မောင်းထဲက လူကို ကြည့်လာသည်။

Transmigrated into a School Idol and Forced to Do Business Where stories live. Discover now